
ပြည်မြို့အနီးတစ်ဝိုက်တွင် စောင်းလျားပင်များ အများအပြားတွေ့ရှိရပါသည်။ စောင်းလျား ပင်တွင် အချဉ်သီးနှင့် အချိုသီးဟူ၍ နှစ်မျိုးရှိပါသည်။ စောင်းလျားသီးသည် ဆေးဖက်ဝင်သောသီးနှံ တစ်မျိုးလည်း ဖြစ်ပါသည်။ စောင်းလျားသီးကို ယိုထိုး၍စားသုံးနိုင်ပြီး၊ ဖျော်ရည်အဖြစ်လည်း သောက်သုံးနိုင်ပါသည်။ စောင်းလျားသီး အသားမှာ ပျော်ဝင်လွယ်တဲ့ အမျှင်ဓာတ်ရော မပျော်ဝင်တဲ့ အမျှင်ဓာတ်ပါ ပါဝင်နေပါတယ်။ အမျှင်ဓာတ်က ဝမ်းမှန်စေပြီး အစာခြေစနစ်ကို ကျန်းမာစေဖို့ ထောက်ကူပေးပါတယ်။ အူတွင်းက အကျိုးပြု ဘက်တီးရီးယားလေးတွေကိုလည်း ကျန်းမာစေနိုင်ပါ တယ်။ အစာခြေစနစ်ထဲက အဆိပ်အတောက်တွေကိုလည်း ဖယ်ရှားပေးပါတယ်။ ကြယ်ပုံသဏ္ဍာန် ရှိသော စောင်းလျားသီးကို စားသုံးပေးခြင်းဖြင့် ကျန်းမာရေး နှင့်သင့်တော်ပြီး အသားအရေကိုလည်း စိုပြေစေပါသည်။ စောင်းလျားသီးဈေးနှုန်းများအနေဖြင့် တစ်လုံးလျှင် (၂၀၀-၃၀၀)ကျပ်ဖြင့် ရောင်းချ ကြကြောင်းသိရပါသည်။