ပြည်ခရမ်းချဉ်သီးဈေးကွက်

Powered by Drupal

  ပြည်ဈေးကွက်တွင်ဝင်‌ရောက်လျက်ရှိသော ခရမ်းချဉ်သီးများရှားပါးပြီး ဈေးနှုန်းများ မြင့်တက်နေပါသည်။ ခရမ်းချဉ်သီးမှာ ဗမာကိုင်းသီးနှင့်ရှမ်းသီးဟူ၍(၂)မျိုးရှိပြီး ယခုအချိန်တွင် ရှမ်းခရမ်းချဉ်သီးသာ ထွက်ရှိပါသည်။ ပြည်ခရိုင်အတွင်းရှိ ရွှေတောင်မြို့နယ်နှင့် ရှမ်းပြည်နယ်တို့မှ ဝင်ရောက်မှုရှိပြီး အဝင်နည်းသည့်အတွက် အဝင်ရှိသ‌လောက်အရောင်းအဝယ်ရှိကာ ဈေးနှုန်း မြင့်တက်လျက်ရှိပါသည်။ ယခင်လဆန်းတွင် ဈေးကွက်အတွင်းပစ္စည်းပေါများပြီး ဈေးနှုန်းမှာ (၁)ပိဿာလျှင် ကျပ်(၁၇၀၀/၂၀၀၀) ခန့်ရောင်းချနေပြီး ယခုအခါ ခရမ်းချဉ်သီး များဝင်ရောက်မှု နည်းပါးသည့်အတွက် ဈေးနှုန်းမှာ (၁)ပိဿာလျှင် ကျပ်(၃၅၀၀/၄၀၀၀)ရောင်းချကြောင်း သိရပါသည်။ ယခင်ဧပြီလနှင့် ယခုဇူလိုင်လဈေး နှုန်းနှင့်နှိုင်းယှဉ်လျှင်ကျပ်(၁၅၀၀-၂၀၀၀) ခန့်ကွာခြားမှုရှိကြောင်းသိရပါသည်။
DOCA(ပဲခူး)