
ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် စက်သုံးဆီအရောင်းဆိုင်များ ပုံမှန်ပြန်လည်ဖွင့်လှစ် ရောင်းချနေကြပြီး ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၁၈)ရက်နေ့တွင် ဖြစ်ပေါ်နေသော စက်သုံးဆီဈေးနှုန်း များမှာ Octane(92) တစ်လီတာလျှင် (၃၈၂၅/-)ကျပ်၊ Octane(95)တစ်လီတာလျှင် (၃၈၈၀/-)ကျပ်၊ ရိုးရိုးဒီဇယ် တစ်လီတာလျှင် (၃၅၅၀/-) ကျပ်၊ ပရီမီယမ်ဒီဇယ် တစ်လီတာလျှင် (၄၁၉၅/-)ကျပ်၊ ဖြင့်ရောင်းချနေကြောင်း သိရပါသည်။
ယခင်တစ်ပတ်ဈေးနှုန်းများမှာ Octane(92) တစ်လီတာလျှင် (၃၈၂၀/-)ကျပ်၊ Octane(95) တစ်လီတာလျှင် (၃၈၇၅/-)ကျပ်၊ ရိုးရိုးဒီဇယ် တစ်လီတာလျှင် (၃၄၉၅/-) ကျပ်၊ ပရီမီယမ်ဒီဇယ် တစ်လီတာလျှင် (၄၁၃၀/-)ကျပ်ဖြင့် ရောင်းချခဲ့ကြပြီး ဈေးနှုန်းများနှိုင်းယှဉ်ကြည့်လျှင် Octane(92) တစ်လီတာလျှင် (၅/-)ကျပ်၊ Octane ( 95 )တစ်လီတာလျှင်( ၅/- )ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာ လျှင်(၅/-)ကျပ်၊ ပရီမီယမ်ဒီဇယ် တစ်လီတာလျှင် (၆၅/-)ကျပ်စီဖြင့် ဈေးနှုန်းများအနည်းငယ် မြင့်တက်လျက်ရှိပါကြောင်း စက်သုံးဆီရောင်းချသူများထံမှ သိရှိရပါသည်။
DOCA(ကယား)