ရှမ်းပြောင်းဖူးများ ဈေးကောင်းရလျက်ရှိ

Powered by Drupal

          ကယားပြည်နယ်သည် ပြောင်းအဓိက စိုက်ပျိုးသော ပြည်နယ်ဖြစ်ပြီး အစေ့ထုတ်ပြောင်းနှင့် ဖူးစားပြောင်း(၂)မျိုးစလုံးစိုက်ပျိုးကြပါသည်။ ဖူးစားရှမ်းပြောင်းကို(၁၂)ရာသီစိုက်ပျိုးကြပြီး (၃) လကြာလျှင် ဈေးကွက်သို့ရောင်းချနိုင်၍ ငွေပေါ်လွယ်သောသီးနှံဖြစ်ပါသည်။ ဖူးစားရှမ်းပြောင်း ကို လွိုင်ကော်မြို့နယ် မှုံပြာ၊ လင်ဖုံလေး၊လင်ဖုံကြီး၊ လောပိတကျေးရွာများ နှင့် နန်းမယ်ခုံကျေးရွာများတွင် စိုက်ပျိုးထွက်ရှိလျက်ရှိရာ  ယခုလက်ရှိ ဩဂုတ်လ တတိယပတ်တွင် ဈေးကွက်အတွင်း ဖူးစားရှမ်းပြောင်းဖူး တစ်ဖူးလျှင် (၂၅၀)ကျပ်ဖြင့်ရောင်းချလျက်ရှိပြီး ဩဂုတ်လ ဒုတိယပတ်တွင် ဖူးစား ရှမ်းပြောင်းဖူး တစ်ဖူးလျှင် (၂၀၀)ကျပ်သာရှိခဲ့ပြီး ယခင်အပတ်နှင့်ယခုအပတ်နှိုင်းယှဉ်လျှင် ဖူးစား ရှမ်းပြောင်းဖူး တစ်ဖူးလျှင် (၅၀)ကျပ်ခန့်မြှင့်တက်လာ၍ ရှမ်းပြောင်းဖူးစိုက်ပျိုးရောင်းချသူများ ဈေးကောင်းရလျက်ရှိကြောင်း နောင်ယားဈေး ရှမ်းပြောင်းဖူး ရောင်းချသူတစ်ဦးထံမှ သိရပါသည်။

DOCA(ကယား)