
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့တွင် မိသားစုစားဝတ်နေရေးအတွက် သစ်သီးမျိုးစုံဖြစ်သည့် နာနတ်သီး၊ နဂါးမောက်သီး၊ သရက်သီး၊ ငှက်ပျောသီး၊ စပျစ်သီး၊ သခွားမွှေးသီး၊ ကျောက်သခွားမွှေးသီး၊ ပန်းသီး၊ ပန်းသစ်တော်သီး၊ မင်းဂွတ်သီး၊ ဒညှင်းသီး နှင့် ဖရဲသီးများကို မန္တလေးမြို့ နှင့် လားရှိုးမြို့တို့မှ မှာယူရောင်းချလျက်ရှိကြောင်း သိရသည်။
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ တတိယပတ်အတွင်း ဖြစ်ပေါ်နေသော ကျွန်းလှမြို့၏ ကျောက်သခွားမွှေး သီး၏ ဈေးနှုန်းများမှာ ကျောက်သခွားမွှေးသီး အကြီး(၁)လုံးလျှင်(၅၅၀၀)ကျပ်၊ ကျောက်သခွားမွှေးသီး အလတ်(၁)လုံးလျှင်(၅၀၀၀)ကျပ် နှင့် ကျောက်သခွားမွှေးသီး အသေး(၁)လုံးလျှင်(၃၅၀၀)ကျပ် ဈေးနှုန်း တို့ဖြင့်လည်းကောင်း စပျစ်သီးဈေးနှုန်းများမှာ စပျစ်သီး ထိုင်ဝမ် အလုံးကြီး တစ်ပိဿာ(၃၅၀၀၀)ကျပ်၊ စပျစ်သီး လက္ကား တစ်ပိဿာလျှင်(၁၈၀၀၀)ကျပ်၊ စပျစ်သီး လက်လီ တစ်ပိဿာလျှင်(၂၀၀၀၀)ကျပ်၊ စပျစ်သီး(၅၀)ကျပ်သားလျှင်(၁၀၀၀၀)ကျပ် နှင့် စပျစ်သီး(၂၅)ကျပ်သားလျှင် (၅၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သစ်ရာမြိုင် ဈေးတိုက်တန်းတွင် သစ်သီးမျိုးစုံ ရောင်းချနေသော ဈေးသည်တစ်ဦးထံမှ သိရှိရပါသည်။
DOCA(စစ်ကိုင်း)