ကျွန်းလှမြို့နယ်အတွင်း သကြားသရက်သီးအမှည့် ဈေးနှုန်းမြင့်တက်

Powered by Drupal

         ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် ရာသီပေါ်သီးနှံများ၊ အခြားဒေသမှဝင်ရောက်သည့် စားသောက်ကုန်ပစ္စည်းများကို ရောင်းချပေးလျက်ရှိရာ ယခုအခါတွင် စိန်တစ်လုံးသရက်သီးမှည့်များကို လှိုင်လှိုင်ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

             ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ တတိယပတ်အတွင်း ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် ရောင်းချနေသည့်  သကြားသရက်သီးမှည့် ဈေးနှုန်းများမှာ ထန်းကုန် သကြားသရက်သီးမှည့် လက်လီ အကြီး တစ်လုံး(၅၀၀)ကျပ် (၂၀၀၀)ကျပ် ဖိုး(၅)လုံးနှင့် သကြားသရက်သီးမှည့် အသေး တစ်လုံးလျှင်(၃၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သရက်သီးမှည့် ရောင်းချသည့် လုပ်ငန်းရှင်များထံမှ သတင်းရရှိသည်။

DOCA(စစ်ကိုင်း)