
မကွေးတိုင်ဒေသကြီး၊ မကွေးမြို့ပေါ်ရှိ ဈေးများတွင် ဖရဲသီးကို ဒေသတွင်းအပြင် မန္တလေး မြို့နှင့် ပြင်ဦးလွင်မြို့တို့မှ မှာယူရောင်းချကြောင်း သိရသည်။ ၂၀၂၅ခုနှစ်၊ ဇူလိုင်လ(ပထမပတ်) မှစတင်၍ ထွက်ပေါ်လျက်ရှိရာ ဇူလိုင်လ(တတိယပတ်)တွင် ဈေးအတွင်းသို့ ဝင်ရောက်မှုများလျက် ရှိကြောင်း သိရှိရသည်။
၂၀၂၅ခုနှစ်၊ ဇူလိုင်လ(တတိယပတ်)တွင် ဖရဲသီး(အလုံးကြီး)တစ်လုံးလျှင် ကျပ်(၅၀၀၀)၊ အလုံးလတ် တစ်လုံးလျှင် ကျပ်(၄၀၀၀)၊ အလုံးသေးတစ်လုံးလျှင် ကျပ်(၃၀၀၀)ဖြစ်ပြီး (ဒုတိယပတ်) တွင် ဖရဲသီး(အလုံးကြီး) တစ်လုံးတွင် ကျပ်(၇၀၀၀)၊ အလုံးလတ်တစ်လုံးလျှင် ကျပ်(၅၀၀၀)၊ အလုံး သေးတစ်လုံးလျှင် ကျပ်(၃၀၀၀)ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့၍ ဈေးနှုန်းနှိုင်းယှဉ်ပါက ယခုတစ်ပတ် တွင် ဖရဲသီးတစ်လုံးလျှင် ကျပ်(၂၀၀၀)ခန့်ဈေးနှုန်းကျဆင်းလာကြောင်း သိရသည်။ ယခုအချိန်တွင် ဒေသတွင်း ဖရဲစိုက်ခင်းများမှ လှိုင်လှိုင်ထွက်ရှိနေသောကြောင့် ဈေးနှုန်းမှာ ကျဆင်းလာရ ခြင်းဖြစ် ကြောင်း သိရှိရသည်။
DOCA(မကွေး)