အောင်လံကုန်စည်ဒိုင်၏ ပဲတီစိမ်းသီးနှံဈေးနှုန်းဈေးကွက်

Powered by Drupal

    မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့၊ အောင်လံကုန်စည်ဒိုင်တွင် ပဲတီစိမ်းသီးနှံများ နေ့စဉ် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

    ၂၀၂၅ခုနှစ်၊ ဇူလိုင်လ(ဒုတိယပတ်)တွင် အောင်လံမြို့နယ်အတွင်းရှိ သမ္ဗူလကျေးရွာ၊ ရွှေဗန်း တောကျေးရွာ၊ ဧကရာဇ်ကျေးရွာ၊ မိုးကောင်းကျေးရွာများမှ ပဲတီစိမ်းသီးနှံအသစ်များ စတင်ထွက်ရှိ လျက်ရှိကြောင်း သိရသည်။ ယခင်ဇွန်လ(ဒုတိယပတ်)တွင် ပဲတီစိမ်း(အခြောက်) (၁)တင်းလျှင် အနိမ့်ဈေး ကျပ်(၁၀၅၀၀၀)၊ အမြင့်ဈေး ကျပ်(၁၁၅၀၀၀)ဈေးနှုန်းရှိခဲ့ပြီး ယခု(တတိယပတ်)တွင် (၁)တင်းလျှင် အနိမ့်ဈေး ကျပ်(၁၁၅၀၀၀)၊ အမြင့်ဈေး ကျပ်(၁၂၅၀၀၀)ဈေးနှုန်းရှိခဲ့၍ ဈေးနှုန်းနှိုင်း ယှဉ်ပါက ယခုတစ်ပတ်တွင် (၁)တင်းလျှင် ကျပ်(၁၀၀၀၀)ဈေးနှုန်းမြင့်တက်ခဲ့ကြောင်း၊ အရောင်း အဝယ်အနေဖြင့် ယခုတစ်ပတ်အတွင်း အိတ်ရေ(၁၀၀၀)အိတ်၊ တန်ချိန်(၄၉)တန်ခန့် အရောင်း အဝယ်ဖြစ်ခဲ့ကြောင်း၊ မန္တလေးမြို့သို့အဓိကတင်ပို့ရောင်းချကြောင်း အောင်လံကုန်စည်ဒိုင်မှ သိရှိရ သည်။

DOCA(မကွေး)