
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့မဈေးတွင် ရာသီပေါ်ဟင်းသီးဟင်းရွက်များအပြင် ကြက်တက်ရွက်နှင့် ကြက်မောက်ဖြူရွက်တို့ ရောင်းချလျက်ရှိကြောင်း သိရသည်။ ကြက်တက်ရွက်ကို မိုးဦးကျစအချိန် ရွက်ဟောင်းကြွေပြီး ရွက်နုထွက်ချိန်တွင် ခူးဆွတ်ကာ ရေနွေးနှင့်ပြုတ်ပြီး လက်ဖက်ကဲ့သို့သုတ်စားကြကြောင်း ရှေးလူကြီးများ၏ ပြောပြချက်အရ သိရသည်။
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ တတိယပတ်အတွင်း ကန့်ဘလူမြို့၊ မြို့မဈေးတွင် ရောင်းချနေသော ကြက်တက်ရွက်ပြုတ် တစ်ပိသာလျှင်(၇၅၀၀)ကျပ်၊ ကြက်တက်ရွက်ပြုတ် (၅၀)ကျပ်သားလျှင်(၃၈၀၀) ကျပ်နှင့် ကြက်တက်ရွက်ပြုတ် (၁၀)ကျပ်သားလျှင်(၈၀၀)ကျပ်ဖြင့်လည်းကောင်း ကြက်မောက်ဖြူရွက် ပြုတ်တစ်လုံးလျှင်(၅၀၀)ကျပ်၊ (၄)လုံးလျှင်(၂၀၀၀)ကျပ်ဖြင့်ရောင်းချလျက်ရှိကြောင်း၊ ကြက်တက်ရွက်ကို လက်ဖက်မကြိုက်သူများက စားသုံးကြသလို၊ လက်ဖက်နှင့်ရောနှော၍လည်း စားသုံးကြကြောင်း လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။
DOCA(စစ်ကိုင်း)