
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ပေါ်နှင့် မြို့နယ်အတွင်းရှိ ကျေးရွာများသည် မိမိနေအိမ်ခြံဝင်း၌လည်းကောင်း၊ မိမိယာကွက်များ၌လည်းကောင်း စားသုံးသီးနှံပင်များကို စိုက်ပျိုးလျက်ရှိရာ ကြောင်လျှာသီးပင်ကိုလည်း တစ်ပိုင်တစ်နိုင် စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ တတိယပတ်အတွင်း ဖြစ်ပေါ်နေသော ကန့်ဘလူမြို့မဈေး၏ ကြောင်လျှာသီး ဈေးနှုန်းအနေဖြင့် ကြောင်လျှာသီး လက္ကားဈေး တစ်တောင့်လျှင်(၁၃၀၀)ကျပ်၊ ကြောင်လျှာသီး လက်လီဈေး တစ်တောင့်လျှင်(၁၁၀၀)ကျပ်၊ ကြောင်လျှာသီး အသေးတစ်တောင့် လျှင်(၈၀၀မှ ၅၀၀)ကျပ်တို့ဖြင့် ရောင်းချလျက်ရှိကြောင်း၊ ကြောင်လျှာသီးသည် သုတ်၍စားစား၊ ချက်၍ စားစား၊ ခါးသက်သက်အရသာရှိပြီး ခံတွင်းမြိန်စေသည့် အသီးတစ်မျိုးဖြစ်သောကြောင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူများထံမှ သိရှိရပါသည်။
DOCA(စစ်ကိုင်း)