ကန့်ဘလူမြို့မဈေးတွင် ရောင်းချလျက်ရှိသော စကားဝါပန်းနှင့် စကားဖြူပန်း

Powered by Drupal

      စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့မဈေးတွင် ဘုရားပန်းအမျိုး၊ အလှဆင်းပန်းအမျိုးမျိုးနှင့် စကားဝါပန်း၊ စကားဖြူပန်းများကို ရောင်းချလျက်ရှိကြောင်း သိရသည်။ စကားဝါ/ဖြူပန်းမျိုးမှာ အပင်ကြီးဖြစ်သော်လည်း စိုက်ပျိုးရေးနည်းပညာများ ခေတ်မီလာသည်နှင့်အညီ စကားဝါ/ဖြူပန်းပင်များကို ကိုင်းကူးမျိုးစပ်ကာ အိမ်တွင်းအလှစိုက်ပင်ဖြစ် စိုက်ပျိုးလာကြောင်း သိရသည်။

      ၂၀၂၅ ခုနှစ်၊  ဇူလိုင်လ တတိယပတ်တွင် ကန့်ဘလူမြို့၊ မြို့မဈေး၌ ဖြစ်ပေါ်နေသော စကားဝါပန်း ဈေးနှုန်းဖြင့် စကားဝါပန်း(၇)ပွင့်ပါ တစ်ကုံးလျှင် (၅၀၀)ကျပ်၊ စကားဝါပန်း(၃)ကုံးလျှင်(၁၃၀၀)ကျပ် စကားဖြူပန်း(၃)ပွင့်ပါ တစ်ကုံးလျှင်(၃၀၀)ကျပ်၊ စကားဖြူပန်း(၃)ကုံးလျှင် (၉၀၀)ကျပ်တို့ဖြင့်လည်း ကောင်း ရောင်းချလျက်ရှိကြောင်း ပန်းမျိုးစုံရောင်းချနေသော လုပ်ငန်းရှင်ထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)