
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ပေါ်ရှိကုန်စုံဆိုင်များနှင့် “မြို့မဈေး”ရှိ ကုန်စုံဆိုင်များတွင် လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ မီးဖိုချောင်သုံးပစ္စည်းများနှင့် သရေသာ စားစရာတို့ကိုရောင်းချလျက်ရှိရာ ရေဦးပေါက်ပေါက်ဆုတ်လည်း အပါအဝင်ဖြစ်ပါသည်။ ရေဦး ပေါက်ပေါက်ဆုတ်သည် အလှူပွဲများတွင်ပြုလုပ်လေ့ရှိသည့် ရိုးရာပေါက်ပေါက်ဆုတ်နှင့်မတူပဲ လေလုံ အောင်ထားခြင်းဖြင့် တာရှည်အထားခံကာ အချိုတည်းစရာအဖြစ်ပဲစားစား၊ ဧည့်သည်များကို တည့်ခင်း ဧည့်ခံရာတွင်ပဲသုံးသုံး ဘက်စုံအသုံးဝင်သည့် သရေသာစားစရာတစ်မျိုးဖြစ်ကြောင်း သိရသည်။
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ တတိယပတ်အတွင်း ကန့်ဘလူမြို့ရှိ ကုန်မျိုးစုံဆိုင်များတွင် လည်းကောင်း၊ “မြို့မဈေး”ရှိ ကုန်စုံဆိုင်များတွင်လည်းကောင်း၊ ရေဦးပေါက်ပေါက်ဆုတ် လက္ကားတစ်ပိဿာလျှင် (၈၀၀၀)ကျပ်၊ ရေဦးပေါက်ပေါက်ဆုတ် လက်လီတစ်ပိဿာလျှင်(၈၅၀၀)ကျပ်နှင့် အသင့်ထုတ်ပြီး တစ်ထုတ်လျှင် (၁၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း ကုန်မျိုးစုံရောင်းချသည့် လုပ်ငန်းရှင်ထံမှ သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)