
ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များတွင် စိုက်ပျိုးရေး လုပ်ငန်းများကို အဓိကထား လုပ်ကိုင်ကြရာတွင် နှစ်ရှည်သီးနှံများ၊ ဆီထွက်သီးနှံနှင့် စားဖိုဆောင် သီးနှံပင်များကို မိမိတို့နေအိမ်ခြံဝင်များတွင်လည်းကောင်း တောင်ယာများတွင် လည်းကောင်း စိုက်ပျိုးကြသည့်အပြင် ခရမ်းကြွပ်သီးပင်ကိုလည်း စိုက်ပျိုးကြပြီး ကျွန်းလှမြို့နယ်ဈေးများတွင် ရောင်းချလျက်ရှိပါကြောင်း သိရသည်။
ခရမ်းကြွပ်သီးများကို မြို့ပေါ်ရပ်ကွက်များနှင့် အနီးနားရှိကျေးရွာများဖြစ်သည့် ရှမ်းစုကျေးရွာ ပေးကုန်ကျေးရွာတို့မှ လာရောက်ရောင်းချလျက်ရှိပါကြောင်း ခရမ်းကြွပ်သီးကို ချက်ပီးလည်း စားကြသလို ငပိရည်နှင့် တို့စရာအဖြစ်စားသောက်ပါကြောင်း၊ ထမင်းဆိုင်များတွင် အသုံးများသည့် အတွက် ရောင်းအားကောင်းလျက်ရှိကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ တတိယပတ်အတွင်း ခရမ်း ကြွပ်သီး လက္ကား(၁)ပိဿာလျှင်(၃၅၀၀)ကျပ်၊ ခရမ်းကြွပ်သီး လက်လီ တစ်ပိဿာလျှင်(၄၀၀၀)ကျပ်၊ ခရမ်းကြွပ်သီး(၅၀)ကျပ်သားလျှင်(၂၀၀၀)ကျပ်နှင့် ခရမ်းကြွပ်သီး(၂၅)ကျပ်သားလျှင်(၁၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့်အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်းကုန်စိမ်းရောင်းချသူထံမှ သိရှိရပါသည်။
DOCA(စစ်ကိုင်း)