စားသုံးသူကာကွယ်ရေးဆိုင်ရာ အကြောင်းသိကောင်းစရာများ အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကျင်းပ

Powered by Drupal

       တနင်္သာရီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ထားဝယ်ခရိုင်တာဝန်ခံသည် ထားဝယ်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနခန်းမတွင် စားသုံးသူကာကွယ်ရေး သိကောင်းစရာများ အသိပညာပေးဆွေးနွေးပွဲကို ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ (၁၂) ရက်နေ့၊ နေ့လယ်ပိုင်းတွင်ဆောင်ရွက်ခဲ့သည်။

          အဆိုပါအသိပညာပေး (Talk Show) တွင်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ ဦးဝင်းနိုင်မှ မိတ်ဆက်စကားပြောကြားခြင်း၊ စားသုံးသူရေးရာဦးစီးဌာနမှ ဌာန၏မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ စားသုံးသူ၏အဓိပ္ပာယ်ကိုရှင်းလင်းပြောကြားခြင်း၊ စားသုံးသူများ၏အခွင့်အရေး များကိုလည်းကောင်း ကုန်ညွှန်းအမှတ်သားများကိုပါ ရှင်းလင်းပြောကြားပြီး တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာသို့ လူကိုယ်တိုင်ဖြင့်ဖြစ်စေ၊ တယ်လီဖုန်းဖြင့်ဖြစ်စေ၊ စာဖြင့်ဖြစ်စေ Website ဖြင့်ဖြစ်စေ ၊DOCA Myanmar application ဖြင့်ဖြစ်စေတိုင်ကြားနိုင်ကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။

DOCA(တနင်္သာရီ)