
စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်သည် လယ်ယာစိုက်ပျိုး ရေးလုပ်ငန်းများကို အဓိကလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ပြီး ၊ ကျွန်းလှမြို့နယ် ကျီကုန်းကျေးရွာ၊ စံပြကျေးရွာနှင့် အခြားသောကျေးရွာများတွင် ပဲမျိုးစုံစိုက်ပျိုးလျက်ရှိကြောင်း သိရှိရသည်။
၂၀၂၅ ခုနှစ် ဇူလိုင်လ စတုတ္ထပတ်အတွင်း ပဲနီ(၁)တင်းလျှင် (၉၈၀၀၀)ကျပ်၊ အကွဲအနာပါ (၁)တင်းလျှင် (၉၇၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဇူလိုင်လ စတုတ္ထပတ်အ တွင်း ထောပတ်ပဲတစ်တင်းလျှင် (၁၂၀၅၀၀)ကျပ်၊ အကွဲအနာပါ(၁)တင်းလျှင် (၁၂၀၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက ယခုပတ်အတွင်း ထောပတ်ပဲနှင့် ပဲနီသီးနှံဈေးနှုန်းများ တည်ငြိမ်နေကြောင်း၊ ကျွန်းလှမြို့နယ်ထွက် ပဲနီနှင့်ထောပတ်ပဲများကို ရွှေဘိုမြို့နှင့် မန္တလေးမြို့ရှိ ပွဲရုံများသို့ တင်ပို့ရောင်းချကြောင်း၊ သီးနှံရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)