စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့နယ်ရှိ ချင်းတွင်းရတနာဈေး၊ မန်းကျည်းပင်ဈေး၊ သာစည်ဈေး၊ ပြည်ထောင်စုဈေးနှင့် ဝန်ထမ်းအိမ်ရာရှိ နန္ဒဝန်ဈေးသစ်တို့တွင် ရာသီစာ ဟင်းသီးဟင်းရွက်များ၊ စားဖိုဆောင်သီးနှံများ၊ အသား၊ ငါးနှင့် ဒေသထွက်ကုန်များ ရောင်းချလျက်ရှိပါသည်။ ၂၀၂၅ခုနှစ်၊ ဇူလိုင်လ စတုတ္ထပတ်အတွင်း ရောင်းချနေသော အသား/ ငါးဈေးနှုန်းများအနေဖြင့် ဗမာကြက်သား ( ၁ )ပိဿာလျှင် ( ၃၅၀၀၀)ကျပ်၊ CP ကြက်သားတစ်ပိဿာလျှင် ( ၂၂၀၀၀)ကျပ်၊ ဆိတ်သား အသားသန့် ( ၁ ) ပိဿာလျှင် ( ၂၇၀၀၀ ) ကျပ်၊ ဆိတ်သား အသားပါ အရိုး ( ၁) ပိဿာလျှင် (၁၀၀၀၀)၊ အရိုး (၁) ပိဿာလျှင် ( ၈၀၀၀)၊ အမဲသား တစ်ပိဿာလျှင် ( ၃၁၀၀၀ )ကျပ်၊ ငါးမြစ်ချင်း ( ၁ ) ပိဿာလျှင်( ၂၂၀၀၀)၊ ငါးကြင်း ခုတ်သား ( ၂၅) ကျပ်သားလျှင် ( ၆၅၀၀) ကျပ်၊ ဝက်သား ( ၁ ) ပိဿာ လျှင်( ၃၄၀၀၀)ကျပ်၊ ပုဇွန်ဆိတ် တစ်ပိဿာလျှင် (၃၈၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိပြီး ယခင်အပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ဈေးနှုန်းအနည်းငယ် ကျဆင်းလာကြောင်း သိရသည်။
DOCA(စစ်ကိုင်း)