စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ

Powered by Drupal

         ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ မိုင်းလပ်အုပ်စု၊ ဝမ်မိုင်ကျေးရွာရှိ အ.မ.က(မူလွန်)ကျောင်း ကျောင်းအုပ်တာဝန်ခံရာရှိမှ ကျောင်းသား/ကျောင်းသူများအနေဖြင့် ကျန်းမာရေးနှင့် ညီညွတ်သည့် အစားသောက်များ ဝယ်ယူစားသောက်နိုင်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ပေးနိုင်ပါရန် ဖိတ်ကြားလာပါသည်။ ထို့ကြောင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ စားသုံးသူရေးရာဦးစီး ဌာန၊ ဒုတိယပြည်နယ်ဦးစီးရုံးအနေဖြင့် ဟောပြောပွဲ ကျင်းပပြုလုပ်ခွင့်ပြုပါရန် ပြည်နယ်ဦးစီးမှူးရုံးထံသို့ (၁၅.၈.၂၀၂၂)ရက်နေ့တွင် တင်ပြခွင့်ပြုချက်တောင်းခံပြီး (၁၆.၈.၂၀၂၂)ရက်နေ့ နံနက်(၁၀:၄၅) နာရီမှ (၁၁:၄၅)နာရီ အချိန်ထိ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကို မိုင်းလပ်အုပ်စု၊ ဝမ်မိုင်ကျေးရွာ၊ အ.မ.က(မူလွန်)ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

          ဟောပြောပွဲတွင် ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ ဦးအောင်လင်းဦး(ဒုတိယဦးစီးမှူး)မှ စားသုံးသူကာကွယ်ရေးဆိုင်ရာလုပ်ငန်းနှင့် ပတ်သက်၍ ကျောင်းသား/ကျောင်းသူများအား အသိပညာပေးဟောပြောခြင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ ပြဋ္ဌာန်းချက်ပါ စားသုံးသူ၏အဓိပ္ပာယ်ဖွင့်ဆိုချက်များ၊ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ ကုန်စည်တစ်ခုကို ဝယ်ယူမည်ဆိုပါက  စစ်ဆေးကြည့်ရှုရမည့် သိသင့်သိထိုက်သည့်အချက်များ၊ ဘေးဥပါဒ်အန္တရာယ်ဖြစ်စေနိုင်သည့် အစားအစာများနှင့် စားသုံးရန်သင့်မသင့် သိရှိသင့်သည့် ကုန်အညွှန်းအမှတ်အသားပါအချက်များအား ရှင်းလင်းပြောကြားပြီး စားသုံးသူအခွင့်အရေး(၈)ချက်ကို ကျောင်းသား/ကျောင်းသူများနှင့် အပြန်အလှန်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါသည်။အဆိုပါ ဟောပြောပွဲသို့ ဆရာ/ဆရာမ (၁၈)ဦးနှင့် ကျောင်းသား/ကျောင်းသူ (၃၇)ဦး၊ စုစုပေါင်း(၅၅)ဦး တက်ရောက်ခဲ့ပါသည်။

DOCA(ရှမ်း)