အမေရိကန်ဘဏ္ဍာရေးဝန်ကြီးက ဂျပန်နိုင်ငံနှင့်ကုန်သွယ်ရေးသဘောတူညီရန် ဖြစ်နိုင်ဖွယ်ရှိဟု ပြောကြား

Powered by Drupal

         သြဂုတ်လ ၁ ရက်နေ့တွင် ပြုလုပ်မည့် အကောက်ခွန်အသစ်စည်းကြပ်မှုမပြုလုပ်မီ တိုကျိုမြို့တွင် ပြုလုပ်ခဲ့သော ဆွေးနွေးမှုတစ်ခုအပြီး၌ အမေရိကန်ဘဏ္ဍာရေးဝန်ကြီး Scott Bessent က  အမေရိကန်နိုင်ငံသည် ဂျပန်နိုင်ငံနှင့် ကုန်သွယ်ရေးသဘောတူညီမှုမှာ ဆက်လက် ကောင်းမွန်ဖွယ်ရှိကြောင်း ပြောကြားခဲ့ပါသည်။ ၎င်းက “ကောင်းမွန်သောသဘောတူညီမှုသည် မြန်ဆန်သော တူညီမှုထက် ပိုမိုအရေးပါကြောင်း နှင့် အမေရိကန်နိုင်ငံနှင့် ဂျပန်နိုင်ငံအကြား အကျိုးရှိသော ကုန်သွယ်ရေးသဘောတူညီမှုသည် ဆက်လက်ကောင်းမွန်နေဆဲဖြစ်ကြောင်း” ပြောကြားခဲ့ပါသည်။ ယခုနှစ်အစောပိုင်းတွင် အမေရိန်ကန်သမ္မတ Donald Trump က ဂျပန်နိုင်ငံ မှ တင်ပို့သော ကားများ၊ စတီးများနှင့် အလူမီနီယံများ အပေါ်တွင် အခွန်တိုးမြင့်ကောက်ခံခဲ့ ကြောင်း သိရပါသည်။ အမေရိကန်နိုင်ငံသည် ဂျပန်နိုင်ငံ တင်ပို့ကုန်များအတွက် ထပ်ပေါင်း အကောက်ခွန် ၂၅ ရာခိုင်နှုန်းကောက်ခံမည်ဖြစ်ကြောင်း သိရပါ သည်။ Trump က သြဂုတ်လ ၁ ရက်နေ့မတိုင်ခင် အမေရိကန်နိုင်ငံနှင့် ဂျပန်နိုင်ငံကြား ကောင်းမွန်သော သဘောတူညီချက် မရခင်အထိ အကောက်ခွန်များ တိုးမြင့်ကောက်ခံသွား မည်ဖြစ်ကြောင်း ဂျပန်နိုင်ငံမှ ကုမ္ပဏီများ ထံသို့ စာလွှာ ပေးပို့ခဲ့ကြောင်း သိရပါသည်။

 DOCA(ရန်ကုန်)