ကျွန်းလှမြို့တွင် ရောင်းချနေသော မျှစ်စိမ်း နှင့် မျှစ်ပြုတ် ဈေးနှုန်း

Powered by Drupal

    ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များမှ ရာသီအလိုက် တောတောင် သဘာဝအရ ပေါက်ရောက်သော မျှစ်၊ မှို၊ အင်ဥ ၊ အင်ဖက်နှင့် သပြေပန်း စသည်တို့ကို သွား‌ရောက်ရှာဖွေ ရောင်းချသည့်အနက် ယခုအချိန်တွင် ဒေသထွက် ပေါ်ဦးပေါ်ဖျား မျှစ်စိမ်းများကို  ရှာဖွေ၍ ဈေးကွက် အတွင်းသို့ ရောင်းချကာ ဈေးကောင်းရရှိကြောင်း သိရှိရပါသည်။

       ဇူလိုင်လ စတုတ္ထပတ်တွင် ဖြစ်ပေါ်နေသော မျှစ်စိမ်း ဈေးနှုန်းမှာ မျှစ်စိမ်း လက္ကား တစ်ပိဿာလျှင်(၄၀၀၀)ကျပ်၊ မျှစ်စိမ်း လက်လီ တစ်ပိဿာလျှင်(၅၀၀၀)ကျပ်၊ မျှစ်ပြုတ် လက္ကား တစ်ပိဿာလျှင်(၆၀၀၀)ကျပ် ၊ လက်လီ တစ်ပိဿာလျှင်(၈၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက် ရှိသောကြောင့် ယခင်အပတ်နှင့် နှိုင်းယှဉ်ပါက ဈေးနှုန်းကျဆင်းလျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)