ကန့်ဘလူမြို့ရှိ သံပုရာသီးနှင့် ရှောက်သီးဈေးနှုန်း

Powered by Drupal

      စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် သံပုရာသီးနှင့် ရှောက်သီးများစိုက်ပျိုးထားပြီး ယခုအချိန်တွင် လှိုင်လှိုင်ထွက်ပေါ်နေပြီဖြစ်ကြောင်းသိရပါသည်။ သံပုရာသီးများအား ဖျော်ရည်၊ သံပုရာချဉ်ဖက်၊ အသုပ်မျိုးစုံနှင့်  သရေစာတို့တွင်ထည့်သွင်းစားသုံးခြင်းသာမက ရှောက်သီးများကိုလည်း ကျန်းမာရေးအတွက် ဆေးဖော်စပ်ရာတွင်လည်း အသုံးပြုကြသဖြင့် သုံးစွဲမှု များသည့် သီးနှံများဖြစ်ကြောင်း သိရသည်။

   ၂၀၂၅ခုနှစ်၊ ဇူလိုင်လ စတုတ္ထပတ်အတွင်းဖြစ်ပေါ်လျက်ရှိသော သံပုရာသီးဈေးနှုန်းများမှာ သံပုရာသီး(အကြီး)(၁)လုံးလျှင် (၁၅၀)ကျပ်၊ သံပုရာသီး(အသေး)(၁)လုံးလျှင် (၁၀၀)ကျပ်ဖြင့်လည်း ကောင်း၊ ရှောက်သီး(အကြီး)(၁)လုံးလျှင် (၇၀၀)ကျပ်နှင့် ရှောက်သီး(အသေး) (၁)လုံးလျှင်(၅၀၀) ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခုအခါ ကန့်ဘလူမြို့မဈေးတွင် အသီးအရွယ်အစား အလိုက် ဈေးအနည်းငယ်ကွာခြားမှုရှိကြောင်း ကုန်စိမ်းရောင်းချသူထံမှ သိရပါသည်။

DOCA(စစ်ကိုင်း)