ကန့်ဘလူမြို့၏ နှင်းသီး(ခေါ်)လောင်ကန်သီးနှင့်မာလကာသီး ဈေးနှုန်း၊ဈေးကွက်

Powered by Drupal

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ရှိ မြို့မဈေးနှင့် အသီးမျိုးစုံရောင်း ချနေသည့်ဆိုင်များတွင် နှင်းသီး(ခေါ်)လောင်ကန်သီးနှင့်မာလကာသီးများကို လှိုင်လှိုင်ရောင်း ချနေကြောင်းသိရသည်။ နှင်းသီး(ခေါ်)လောင်ကန်သီးနှင့်မာလကာသီးများကို ကန့်ဘလူမြို့နယ် နှင့်ကျွန်းလှမြို့နယ်တို့မှ ဝင်ရောက်လျက်ရှိ‌ကြောင်းသိရသည်။

   ၂၀၂၅ခုနှစ်၊ ဇူလိုင်လ စတုတ္ထပတ်အတွင်း နှင်းသီး(ခေါ်)လောင်ကန်သီး (၂၅)ကျပ်သား လျှင်(၅၀၀၀)ကျပ်၊ နှင်းသီး(ခေါ်)‌လောင်ကန်သီး(၅၀)ကျပ်သားလျှင်(၁၀၀၀၀)ကျပ်၊ နှင်းသီး (ခေါ်)လောင်ကန်သီး(၁)ပိဿာလျှင် (၂၀၀၀၀)ကျပ်နှင့် မာလကာသီးအလုံးကြီး(၁)လုံးလျှင် (၈၀၀)ကျပ်၊ မာလကာသီးအလုံးလတ်(၁)လုံးလျှင် (၅၀၀)ကျပ်နှင့် မာလကာသီးအလုံးသေး တစ်လုံးလျှင် (၃၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိပြီး လူကြီးလူငယ်မရွေး ကြိုက်နှစ်သက်သော ကြောင့်ရောင်းအားကောင်းကြောင်း ကန့်ဘလူမြို့တွင် ရောင်းချလျက်ရှိသော သစ်သီးဆိုင်များမှ သတင်းရရှိပါသည်။   

DOCA(စစ်ကိုင်း)