တောင်ငူခရိုင်အတွင်း အခြေခံလူတန်းစားများသို့ သက်သာသောဈေးနှုန်းဖြင့် ဆန်များရောင်းချ

Powered by Drupal

            ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ချက်အရ တောင်ငူခရိုင်စားသုံးသူရေးရာဦးစီးဌာနနှင့် တောင်ငူခရိုင် ဆန်ကုန်သည်များအသင်းတို့ ပူးပေါင်း၍ ဩဂုတ်လ ၁၅ ရက်နေ့က တောင်ငူ ခရိုင်အတွင်း အခြေခံလူတန်းစားများသို့ ဆန်တစ်ပြည်လျှင် ၁၆၀၀ ကျပ်နှုန်းဖြင့် ရောင်းချပေးခဲ့ပါ သည်။

              စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူး ဦးမျိုးအောင် ဦးဆောင်သောအဖွဲ့သည် တောင်ငူမြို့ မြစည်းခုံဘုရားဈေး၌ လူတစ်ဦးလျှင် ဆန် ၂ ပြည်နှုန်းဖြင့် ဆန်အိတ် ၂၀ အိတ် စုစုပေါင်း လူဦးရေ ၂၄၀ ကိုလည်းကောင်း၊ အုတ်တွင်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီ ဦးဆောင်၍ စားသုံးသူ ရေးရာဦးစီးဌာန မြိုနယ်တာဝန်ခံ ဒေါ်အေးအေးခိုင် ပါဝင်သောအဖွဲ့သည် အုတ်တွင်းမြို့ မဲဘုန်း ရပ်ကွက် နှင့် ကြက်သွန်ခင်း ၂ ရပ်ကွက်တို့တွင် လူတစ်ဦးလျှင် ဆန် ၂ ပြည်နှုန်းဖြင့် ဆန် ၁၀ အိတ် လူဦးရေ ၁၂၀ ကိုလည်းကောင်း ရောင်းချပေးခဲ့ကြောင်းသိရပါသည်။

           တောင်ငူခရိုင်အတွင်း သက်သာသောနှုန်းထားဖြစ်သည့် ဆန်တစ်ပြည်လျှင် ၁၆၀၀ ကျပ် နှုန်းဖြင့် ရောင်းချပေးခြင်းဖြစ်ကြောင်း၊ လူတစ်ဦးလျှင် ၂ ပြည်နှုန်းဖြင့် ရောင်းချပေးကြောင်း၊ သက်သာသောနှုန်းထားဖြင့် ဆန်များကို အခြေခံလူတန်းစားများသို့ ဆက်လက်ရောင်းချပေးမည်ဖြစ် ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)