မအူပင်မြို့နယ် အ.ထ.က-၃ ကျောင်းတွင် စားသုံးသူကာကွယ်ရေးသိကောင်းစရာ အသိပညာပေးဟောပြောပွဲ အောင်မြင်စွာကျင်းပပြီးစီး

Powered by Drupal

           ဧရာဝတီတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ  ဒု-ခရိုင်ဦးစီးမှူး  တာဝန်ခံ ဦးအောင်ဇော်ဦးနှင့် ဝန်ထမ်းများသည် ၁၆.၈.၂၀၂၂ နေ့(၁၀:၀၀)မှ (၁၂:၀၀) ချိန်အထိ မအူပင်မြို့ အ.ထ.က-၃မှ ကျောင်းသား / ကျောင်းသူများအား စားသုံးသူကာကွယ်ရေးသိကောင်းစရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြပါသည်။

            အဆိုပါဟောပြောပွဲတွင် အ.ထ.က ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မျိုးအေးမှ အဖွင့်အမှာ စကားပြောကြားပြီး မိတ်ဖက်ဌာနများဖြစ်သော ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦး စီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ ပါတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်းပါဝင်ပြီး သက်ဆိုင်ရာဌာနတို့၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် အသိပညာပေးလုပ်ငန်းများအကြောင်း ကို ဌာနဆိုင်ရာအလိုက် ဟောပြောဆွေးနွေးခဲ့ကြပါသည်။

            စားသုံးသူရေးရာဦးစီးဌာန၊ ဒုခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးက ဟောပြောဆွေးနွေးရာတွင် စားသုံးသူအခွင့်အရေး၊ ကုန်အညွှန်းအမှတ်အသား၏ အရေးကြီးပုံ၊ ကုန်စည်ဝန်ဆောင်မှုကို စားသုံးသူမှ စိတ်ကြိုက် ရွေးချယ်ဝယ်ယူတက်စေရန်နှင့် နစ်နာမှုရှိလာပါက စားသုံးသူရေးရာဦးစီးဌာနသို့ တိုင်ကြားနိုင်သည့် နည်းလမ်းများ၊ ပြစ်မှု၊ ပြစ်ဒဏ်များနှင့်စားသုံးသူကာကွယ်ရေး ဥပဒေကို လေးစား လိုက်နာပါက ဘေးကင်းသောအစားအစာများကို ရွေးချယ်ဝယ်ယူစားသုံးနိုင်မည်ဖြစ်ကြောင်း ဟောပြော ဆွေးနွေးခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့  ကျောင်းသား/ သူ ဆရာ/ ဆရာမ( ၃၅၀ ) ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)