
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် ကြက်တက်ရွက်ပြုတ်နှင့် ကြက်မောက်ဖြူရွက်ပြုတ်တို့ကို ရောင်းချလျက်ရှိပါသည်။ ကြက်တက်ရွက် နှင့် ကြက်မော်ဖြူရွက်တို့မှာ မိုးဦးကျစတွင် စတင် ပေါက်ရောက်လေ့ရှိသော အရွက်မျိုးလည်းဖြစ်ပါသည်။ ကြက်တက် ရွက် နှင့် ကြက်မောက်ဖြူရွက်များကို တောထဲ၌သွားခူးကာ ပြုတ်၍ အလေးချိန်နှင့်ရော လက်တွင်းတစ်ဆုတ်စာ အလုံးလေးများလုံပြီး ဈေးထဲတွင် ရောင်းချကြပါသည်။ ရာသီစာ ကြက်တက်ရွက်ပြုတ်သည် လူကြိုက်များသော လက်ဖက်အစားထိုး သရေစာတစ်မျိုး ဖြစ်ပါသည်။
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ စတုတ္ထပတ်အတွင်း ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် ရောင်းချနေသော ကြက်တက်ရွက်ပြုတ် ဈေးနှုန်းအနေဖြင့် ကြက်တက်ရွက်ပြုတ် တစ်ပိသာလျှင် (၈၀၀၀)ကျပ်၊ ကြက် တက်ရွက်ပြုတ်(၅၀)ကျပ်သားလျှင်(၂၅၀၀)ကျပ်နှင့်ကြက်တက်ရွက်ပြုတ်(၁၀)ကျပ်သားလျှင်(၈၀၀)ကျပ်ဈေးနှုန်းဖြင့်လည်းကောင်း ကြက်မောက်ဖြူရွက်ပြုတ် တစ်ပိဿာလျှင်(၅၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၂၅၀၀)ကျပ်နှင့် ကြက်မောက်ဖြူရွက်ပြုတ်(၁၀)ကျပ်သားခန့် တစ်လုံးလျှင်(၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း ကြက်မောက်ဖြူရွက်သည် အမျိုးသမီးများအတွက် ဆေးဘက်ဝင် အရွက်တမျိုး ဖြစ်သည့်အတွက် လူကြိုက်များပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးရှိ ဟင်းရွက်ပြုတ် ရောင်းချသူတစ်ဦးထံမှ သိရှိရပါသည်။
DOCA(စစ်ကိုင်း)