အိန္ဒိယနိုင်ငံမှ သွင်းကုန်များအပေါ် ၂၅ ရာခိုင်နှုန်း အခွန်စည်းကြပ်ရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်မှပြောကြား

Powered by Drupal

          အမေရိကန်ပြည်ထောင်စုသည် အိန္ဒိယမှ သွင်းကုန်များအပေါ် ၂၅ ရာခိုင်နှုန်းကို သြဂုတ်လ (၁)ရက်နေ့မှစ၍ အခွန်စည်ကြပ်ရန် သမ္မတဒေါ်နယ်လ်ထရမ့်က ဇူလိုင်လ ၃၀ ရက်နေ့ တွင်ပြောကြားခဲ့ပါသည်။

        ထရမ့်က အိန္ဒိယနိုင်ငံသည် ကျွန်ုပ်တို့၏ မိတ်ဆွေဖြစ်သော်လည်း ၄င်းတို့၏ အခွန်မြင့်မားနေ သောကြောင့် အမေရိကန်ပြည်ထောင်စုသည် ၄င်တို့နှင့် လုပ်ငန်းများနည်းပါးစွာ လုပ်ကိုင်ခဲ့ရကြောင်း ပြောကြားခဲ့ပြီး အိန္ဒိယနိုင်ငံနှင့် ငွေကြေးမဟုတ်သော ကုန်သွယ်ရေး အတားအဆီးများရှိနေကြောင်း ထပ်လောင်းပြောကြားခဲ့ပါသည်။

         အိန္ဒိယနိုင်ငံသည် စစ်ရေးသုံးပစ္စည်းများကို ရုရှားနိုင်ငံဆီက ဝယ်ယူခဲ့ပြီး ရုရှားနိုင်ငံ၏ အကြီးဆုံးစွမ်းအင်ဝယ်ယူသူဖြစ်လာကြောင်း ထရမ့်မှပြောကြားခဲ့သည်။

         အိန္ဒိယနိုင်ငံသည် သြဂုတ်လ တစ်ရက်နေ့မှစ၍ အခွန် ၂၅ ရာခိုင်နှုန်း ပေးရမည့်အပြင် ဒဏ်ကြေးပါ ပေးဆောင်ရမည်ဖြစ်ကြောင်း ဆက်လက်ပြောကြားခဲ့ပါသည်။

      အမေရိကန်ကုန်သွယ်ရေးကိုယ်စားလှယ် Jamieson Greer က အမေရိကန်ပစ္စည်းတွေကို အိန္ဒိယဈေးကွက်ထဲ ပိုမိုဝင်ခွင့်ပြုဖို့ အိန္ဒိယဘက်က ဆန္ဒရှိမရှိ သိချင်တာကြောင့် ဆွေးနွေးမှုတွေ လုပ်ဖို့ အချိန်ပိုလိုအပ်တယ်လို့ CNBC ကို ဇူလိုင်လ ၂၈ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။

        Bloomberg က ဇူလိုင်လ ၂၉ ရက်နေ့တွင် ဖော်ပြထားချက်အရ အခွန် ၂၀ ရာခိုင်နှုန်း (သို့မဟုတ်) ၂၀ ရာခိုင်နှုန်းထက်မြင့်မားမည်ဆိုပါက အိန္ဒိယအတွက် စိတ်ပျက်စရာဖြစ်စေပြီး၊ အိန္ဒိယ က အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်ကို ထရမ့်ကမ်းလှမ်းခဲ့သော အခွန် ၁၉ ရာခိုင်နှုန်း ထက်ပိုမို ကောင်းမွန်သော သဘောတူညီမှုရရှိစေရန် ကြိုးပမ်းခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါသည်။

DOCA (ရန်ကုန်)