၂၀၂၅ ခုနှစ် ဇွန်လအထိ အထည်ချုပ်စက်ရုံ ၁,၆၈၂ ရုံ တိုးလာ

Powered by Drupal

   ကမ္ဘောဒီးယားနိုင်ငံ၏ ကုန်ထုတ်လုပ်မှုကဏ္ဍသည် အထည်ချုပ်နှင့် အထည်ချုပ်မဟုတ် သည့် စက်ရုံများတိုးလာသဖြင့် ၂၀၂၅ ခုနှစ် ပထမနှစ်ဝက်တွင် သိသိသာသာ တိုးတက်လာခဲ့ သည်။ ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၅ ခုနှစ် ပထမခြောက်လအတွင်း အထည်ချုပ်စက်ရုံအသစ် ၁၁၆ ရုံကိုဖွင့်လှစ်ခဲ့ပြီး စုစုပေါင်းစက်ရုံ ၁,၆၈၂ ရုံရှိကာ ၂၀၂၄ ခုနှစ်တွင် ၁,၅၆၆ ရုံမှ တိုးလာခဲ့ကြောင်း အလုပ်သမားနှင့် အသက်မွေးဝမ်းကျောင်း လေ့ကျင့်ရေး ဝန်ကြီးဌာန၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။ ဝန်ကြီးဌာန၏ အစီရင်ခံစာအရ နိုင်ငံတော်တွင် ၂၀၂၅ ခုနှစ် ဇွန်လအထိ အထည်ချုပ်မဟုတ်သည့် စက်ရုံစုစုပေါင်း ၄၃,၉၇၄ ရုံရှိပြီး ၂၀၂၄ ခုနှစ်တွင် စက်ရုံပေါင်း ၄၃,၂၃၂ ရုံမှ တိုးမြင့်လာခဲ့ကြောင်း သိရသည်။ ဤတိုးတက်မှုသည် နိုင်ငံတော်၏ စက်မှုအခြေစိုက်စခန်း၏ ခိုင်မာသောပြန်လည်ထူထောင်ရေးနှင့် ကွဲပြားမှုကို အချက်ပြသည်ဟု အစီရင်ခံစာတွင်ဖော်ပြထားသည်။ ကမ္ဘောဒီးယားနိုင်ငံရှိ အထည်အလိပ်၊ အဝတ်အထည်၊ ဖိနပ်နှင့် ခရီးသွားကုန်ပစ္စည်းများအသင်း (TAFTAC) ၏ လက်ထောက်အထွေထွေ အတွင်းရေးမှူးချုပ် Kaing Monika က အထည်အလိပ်၊ အဝတ်အထည်၊ ဖိနပ်နှင့် ခရီးသွား ကုန်စည်ကဏ္ဍသည် နိုင်ငံတော်၏ စီးပွားရေးတွင် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်နေကြောင်းနှင့် ကမ္ဘောဒီးယားနိုင်ငံ GDP အတွက် ၁၀ ရာခိုင်နှုန်းခန့် ပံ့ပိုးပေးလျက်ရှိပြီး ကမ္ဘောဒီးယား အလုပ်သမားများအတွက် အလုပ်အကိုင်များ ဖန်တီးပေးသည့် ကဏ္ဍဖြစ်ကြောင်း ပြောကြားခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၅ ခုနှစ် ပထမနှစ်ဝက်တွင် အထည်ချုပ် ဖိနပ်နှင့် ခရီးသွား ကုန်ပစ္စည်းများ (GFT) မှ ကန်ဒေါ်လာ ၇.၃၈ ဘီလီယံဖိုး တင်ပို့ခဲ့ပြီး ၂၀၂၄ ခုနှစ် အလားတူကာလက ကန်ဒေါ်လာ ၆.၀၂ ဘီလီယံထက် ၂၂ ရာခိုင်နှုန်း တိုးလာကြောင်း ကမ္ဘောဒီးယားနိုင်ငံ၊ အကောက်ခွန်နှင့် ကုန်စည်စီးဆင်းမှု ဦးစီးဌာန (GDCE) ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ဇွန်လအတွင်း အထည်ချုပ်ကဏ္ဍတွင် အသုံးပြုသည့် ကုန်ကြမ်းတင်သွင်းမှုမှာ ကန်ဒေါ်လာ ၃,၄၈၉ သန်းရှိကာ ၂၀၂၄ ခုနှစ် အလားတူကာလက ကန်ဒေါ်လာ ၃,၁၄၀ သန်းထက် ၂၁.၄၃ ရာခိုင်နှုန်း တိုးမြင့်လာကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

DOCA(ရန်ကုန်)