
ဖိလစ်ပိုင်သမ္မတ Ferdinand Romualdez Marcos သည် ယခုလက်ရှိ ရိတ်သိမ်းရာသီ အတွင်း ဖိလစ်ပိုင်လယ်သမားများကို ကာကွယ်ရန်အတွက် စက်တင်ဘာ ၁ ရက်မှစ၍ ရက်ပေါင်း ၆၀ ကြာ ဆန် တင်သွင်းမှုများအားရပ်ဆိုင်းရန် အမိန့်ထုတ်လိုက်ကြောင်းသိရသည်။ မားကို့စ် သည် အစိုးရအဖွဲ့ဝင်များနှင့် တိုင်ပင်ကာ ဖိလစ်ပိုင်စိုက်ပျိုးရေးဝန်ကြီး Francisco Tiu Laurel ၏ ထောက်ခံချက်ဖြင့် ညွှန်ကြားချက်ကို ထုတ်ပြန်ခဲ့သည်။ အစောပိုင်းတွင် နိုင်ငံ၏စိုက်ပျိုးရေးဌာနမှ မားကို့စ်အား ဆန်တင်သွင်းမှု ယာယီ ရပ်ဆိုင်းရန်နှင့် ပြည်တွင်းတောင်သူများအား အကာ အကွယ်ပေးရန် ဆန်တင်သွင်းမှုအပေါ် အခွန်တိုးမြှင့် ကောက်ခံရန် အစောပိုင်းက အကြံပြုခဲ့ သည်။
DOCA(ရန်ကုန်)