စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ပြည်တွင်းသို့ တင်သွင်းလာသည့် စားအုန်းဆီများ သတ်မှတ်အရည်အသွေးများပြည့်မီရေး၊ ကျန်းမာရေးနှင့် ညီညွှတ်ပြီး ဘေးအန္တရာယ် ကင်းရှင်းသည့် စားသုံးဆီများကို သုံးစွဲနိုင်ရေး၊ ဈေးကွက်အတွင်းဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများ ဖြစ်ပေါ်စေရေးတို့အတွက် လုပ်ငန်းစဉ်များချမှတ်၍ ကြီးကြပ်လျက်ရှိရာ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီနှင့် “မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း”တို့နှင့် ပူးပေါင်း၍ ၁၁.၈.၂၀၂၂ တွင် အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံး၌ စားသုံးသူပြည်သူများလက်ဝယ်အရောက် ဈေးနှုန်း သက်သာစွာဖြင့် စားအုန်းဆီတစ်ပိဿာလျှင် ၃၇ဝဝိ/- ကျပ်နှင့် တစ်ဦးလျှင် ၁ ပိဿာနှုန်းဖြင့် Global Good Pure Group Co.,Ltd မှ ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)