
ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးသည် ဈေးရောင်းသူ ဈေးဝယ်သူများနှင့် စည်ကားသိုက်မြိုက် လျက်ရှိပြီး ကုန်မျိုးစုံရောင်းချသည့် ဆိုင်များတွင် ဆီတို့ဟူးကို ပုံးအကြီး အသေးနှင့် (၅၀၀)ကျပ်ဖိုး (၁၀၀၀)ကျပ်ဖိုးတို့မှအစ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။ ဆီတို့ဟူးကို အထက်ပိုင်းဆို မိုးညှင်းမြို့နှင့် အောက်ပိုင်း တောင်ကြီးမြို့တို့မှ ဝယ်ယူရောင်ချလျက်ရှိကြောင်း သိရသည်။
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ စတုတ္ထပတ်၌ ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော ဆီတို့ဟူး ဈေးနှုန်းမှာ ဆီတို့ဟူး (၁၃)ပိဿာ ပုံးကြီး တစ်ပုံးလျှင်(၁၅၀၀၀၀)ကျပ်၊ ဆီတို့ဟူး(၃၀)ကျပ်သားပါ ပုံးသေးတစ်ပုံးလျှင်(၄၅၀၀)ကျပ်နှင့် ဆီတို့ဟူး(၁၀)ကျပ်သားလျှင်(၁၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း ဆီတို့ဟူးကို အစိမ်းအတိုင်းဆီဆမ်းစားခြင်း၊ ကြက်သွန်ဖြူဖြင့်ဆီသပ်ခြင်းနှင့် ကြက်သွန်နီစိမ်းနှင့်သုပ်စားခြင်း စသည့်ပုံစံများဖြင့် ကြိုက်နှစ်သက်သလိုစားသုံးနိုင်ပြီး ဆီတို့ဟူးသည် လူကြိုက်များသော အရန်ဟင်းတစ်ခွက်အဖြစ် အသင့်စားသောက် အသုံးပြုရသည့်အတွက် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။
DOCA(စစ်ကိုင်း)