ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော တို့ဟူးစိမ်းနှင့် တို့ဟူးခြောက် ဈေးနှုန်း

Powered by Drupal

       ကျွန်းလှမြို့၊ ပိ‌တောက်မြိုင်ဈေးထဲတွင် ကုန်စိမ်းသီးနှံနှင့် တွက်ဖက်၍ ပဲရေပွ၊ တို့ဟူးစိမ်းတို့ကိုပါ လုပ်ကိုင်ရောင်းချလျက်ရှိပြီး တို့ဟူးစိမ်းကို မနက်အစောစာစားရာတွင် တို့ဟူးကြော်အဖြစ်လည်းကောင်း၊ တို့ဟူးသုပ်အဖြစ်လည်းကောင်း၊ တို့ဟူးစိမ်းကို အရံဟင်းအဖြစ် အတုံးလေးများတုံး၍ ချက်စား၍သော်လည်းကောင်း မိမိတို့ကြိုက်နှစ်သက်သည့် ပုံစံဖြင့် စားသောက်အသုံးပြုကြပြီး တို့ဟူးသည် နုညံ့ပြီးအရသာရှိသည့်အတွက် သွားမရှိသည့် လူကြီးများအပြင် လူငယ်များလည်း ကြိုက်နှစ် သက်သည့် အစားအစာဖြစ်ကြောင်း သိရသည်။

          ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ စတုတ္ထပတ်အတွင်း ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေး၌ ဖြစ်ပေါ်နေသော တို့ဟူးစိမ်း ဈေးနှုန်းများမှာ တို့ဟူးစိမ်း တစ်ပိဿာလျှင်(၃၀၀၀)ကျပ်၊ တို့ဟူးစိမ်း(၅၀)ကျပ်သားလျှင် (၁၅၀၀)ကျပ်၊ တို့ဟူးစိမ်း(၂၅)ကျပ်သားလျှင်(၈၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် လည်းကောင်း တို့ဟူးခြောက် တစ်ပိဿာ(၁၀၀၀၀)ကျပ်၊ တို့ဟူးခြောက်(၁၀)ကျပ်သား(၁၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေး၌ တို့ဟူးစိမ်း နှင့်တို့ဟူးခြောက် ရောင်းချနေသော ဈေးသည် တစ်ဦးထံမှ သိရသည်။

DOCA(စစ်ကိုင်း)