
မိတ္ထီလာမြို့ ဇူလိုင်လရှိ အိမ်ဆောက်ပစ္စည်း ဘိလပ်မြေမှာ ဈေးအေး၊ အရောင်းအဝယ်အေးကြောင်း သိရသည်။ မိတ္ထီလာဈေးကွက်တွင် အပါချီဘိလပ်မြေနှင့် ကြံ့နှစ်ကောင်တို့မှာ ပိုမိုအရောင်းသွက်ပြီး၊ အယ်ဖာဘိလပ်မြေမှာ အဝယ်နည်းသည်ကို တွေ့ရသည်။ ထို့အတွက် အိမ်ဆောက်ပစ္စည်း အရောင်းဆိုင်များအနေဖြင့် ဒေသတွင်းအရောင်းသွက်သည့် အပါချီ၊ ကြံ့နှစ်ကောင်၊ အယ်ဖာတံဆိပ်များကိုသာ အများဆုံးဝယ်ယူရောင်းချကာ ရှမ်းရိုးမ၊ ဘလူးဒိုင်းမွန်းစသည့် တံဆိပ်များကို ဈေးကွက်အတွင်း အရောင်းသွက်ပြီး၊ ကုမ္ပဏီများက လိုသလောက်မှာယူ၍ မရသည့်ကာလများတွင် ဝယ်ယူရောင်းချကြောင်းသိရသည်။ ဇူလိုင်လမှာ မိုးတွင်းကာလ ဆောက်လုပ်ရေးလုပ်ငန်းပါးချိန်ဖြစ်၍ အရောင်းအေးလျက်ရှိရာ ဇွန်လကုန်နှင့် နှိုင်းယှဉ်ပါက တစ်အိတ်ပေါ်တွင် (၂၀၀၀) ကျပ် ဝန်းကျင်ဈေးနှုန်း ကျဆင်းလာကြောင်း၊ ဇူလိုင်လ တတိယပတ်တွင် ရောင်းဝယ်နေသော ဘိလပ်မြေတံဆိပ်အလိုက်ဈေးနှုန်းများမှာ (50) kg တစ်အိတ််လျှင် အပါချီနှင့် ကြံ့နှစ်ကောင်မှာ (၁၈၅၀၀-၁၈၃၀၀) ကျပ်၊ အယ်ဖာမှာ (၁၈၀၀၀) ကျပ် ဈေးရှိကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)