
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့၌ စက်မှု့လယ်ယာဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် စပါးမျိုးစေ့ချကိရိယာဖြင့် မိုးစပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲကို (၁၈.၇.၂၀၂၅) ရက်နေ့ မိတ္ထီလာမြို့နယ်၊ ဥယျာဉ်ကျေးရွာတွင် အမှတ် (၂၀) ရှိ ဦးပိုင် (၈၈၅) ရှိ တောင်သူ ဦးချစ်လှိုင်၏ လယ်မြေစိုက်ဧကတစ်ဧကအတွင်း၌ ကျင်းပခဲ့ပြီး အဆိုပါ သရုပ်ပြပွဲကို ခရိုင်အုပ်ချုပ်ရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန ဌာနဆိုင်ရာတာဝန်ရှိသူများ ဒေသခံတောင်သူများ တက်ရောက်ခဲ့ပါသည်။
သရုပ်ပြပွဲတွင်ခရိုင်စက်မှုလယ်ယာဦးစီးဌာနမှလက်ထောက်ညွှန်ကြားရေးမှူးဦးအောင်ကျောသန်းမှ မျိုးစေ့ချကိရိယာ အသုံးပြု၍ စိုက်ပျိုးရာတွင် စိုက်ခင်းလယ်ယာ မျက်နှာပြင်ညီညာရန်လိုအပ်ခြင်း၊ မျိုးစေ့နှုန်းထားအနည်းငယ်ဖြင့် စပါးအထွက်နှုန်းကောင်းမွန်စေခြင်း၊ တစ်ဧက ကောက်ကွက်ပြည့်မီခြင်း၊ အချိန်တိုအတွင်း ဧကများစွာ စိုက်ပျိုးနိုင်ခြင်း၊ ရာသီဥတုပြောင်းလဲလာမှုတွင် အချိန်မီစိုက်ပျိုးနိုင်ခြင်းနှင့် မျိုးစေ့ချကိရိယာများ၏ စက်မှုပိုင်ဆိုင်ရာ အချက်အလက်များကို ရှင်လင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)