
စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးသိန်းထွန်း (ဌာနခွဲစာရေး) နှင့် ဝန်ထမ်းများသည် မင်္ဂလာတောင်ညွန့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် စည်ပင်သာယာရေးကော်မတီ ၊ စုံစမ်းစစ်ဆေးရေးဦးစီးဌာနတို့နှင့်ပူးပေါင်းပြီး ဆန်ရောင်းချမှု အခြေအနေများကို ကွင်းဆင်းအသိပညာပေးမှုများဆောင်ရွက်လျှက်ရှိရာ (၇.၈.၂၀၂၅) ရက် နေ့၊ နံနက် (၁၀:၃၀)နာရီအချိန်တွင် မင်္ဂလာတောင်ညွန့်မြို့နယ် ၊ ကံတောင်ရပ်ကွက် ၊ စိန်နှင့်မြ ဆန်/ဆီရောင်းဝယ်ရေးအား သွားရောက်၍ကွင်းဆင်းအသိပညာပေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
ထိုသို့ ကွင်းဆင်းအသိပညာပေးရာတွင် ဆန်ဆိုင်များရှိ ရောင်းချနေသော ဆန်များသည် သတ်မှတ်ထားသောဈေးနှုန်းများအတိုင်း ရောင်းချခြင်း ရှိ/ မရှိ နှင့် ဆန်ဈေးနှုန်းကြီးမြှင့်မှု မဖြစ် ပေါ်စေရေးအတွက် ဈေးကစားရန်အလို့ငှာ ဆန်များ သိုလှောင်ထားခြင်း ရှိ/မရှိတို့ကို စစ်ဆေးခဲ့ ကြပြီး လိုက်နာမှုမရှိသော လုပ်ငန်းရှင်များကို တွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေအရ အရေးယူခံရမှာဖြစ်ကြောင်း အသိပညာပေးပြောကြားခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA (ရန်ကုန်)