ရာသီစာဖြစ်သည့် ကရင်ပြည်နယ်ဒေသထွက် ပိန်းဥကို ဘားအံမြို့အနီးတစ်ဝိုက်ရှိ ကျေးရွာများမှ ဘားအံမြို့ပေါ်ဈေးများသို့ လာရောက်ရောင်းချကြပါသည်။ ဒေသခံတောင်သူများသည် ပိန်းဥကို အပိုဝင်ငွေရရှိရန်အတွက် မိမိတို့၏ အိမ်ခြံဝန်းအတွင်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြသည့်အပြင် စီးပွားဖြစ် လည်းစိုက်ပျိုးကြသည်။
ပိန်းဥကို ငါးမီးကင်၊ ပုဇွန်ခြောက်၊ ဒန့်သလွန်ရွက်တို့ဖြင့် ဟင်းချိုချက်၍လည်းကောင်း၊ ငါးခြောက် ဖြင့်အချဉ်ဟင်းရည်အဖြစ်လည်းကောင်း၊ အမဲသား၊ ဝက်သားနှစ်လည်း ဟင်းအဖြစ်လည်းကောင်း၊ ပြုတ်၍ ဆီဆားတို့ဖြစ်လည်းတို့စားပါက ထမင်းမြိန်စေသည်။ ပိန်းဥထဲတွင် ပရိုတင်းဓာတ်၊ သံဓာတ်၊ ကြေးဓာတ်တို့ ပြည့်ဝစွာပါဝင်သည်။
၂၀၂၅ ခုနှစ်၊ မိုးရာသီ ဇူလိုင်လနောက်ဆုံးပတ် ပိန်းဥဈေးနှုန်းမှာ အရွယ်အစားအလိုက် ပိန်းဥ တစ်ပိဿာလျှင် (၉၀၀၀၊၁၀၀၀၀)ကျပ်နှင့် အသင့်စားပိန်းဥဈေးနှုန်းမှာ တစ်ဆယ်သားလျှင် (၁၅၀၀)ကျပ် နှုန်းတို့ဖြစ်ပြီး၊ ဩဂုတ်လ ဒုတိယပတ်၏ ပိန်းဥဈေးနှုန်းမှာ အရွယ်အစားအလိုက် ပိန်းဥ တစ်ပိဿာလျှင် (၅၀၀၀၊၇၀၀၀)ကျပ်နှင့် အသင့်စားပိန်းဥဈေးနှုန်းမှာ တစ်ဆယ်သားလျှင် (၁၀၀၀)ကျပ်နှုန်းတို့ဖြစ် ရောင်းချ လျက်ရှိကြောင်း၊ ယခင်လနှင့်ယခုလ ဈေးနှုန်းနှိုင်းယှဉ်ခြင်းအားဖြင့် ယခုလ ပိန်းဥဈေးနှုန်း အနည်းငယ် ကျနေကြောင်း၊ ယခုလို ကရင်ပြည်နယ်၊ ဘားအံမြို့ပေါ်ဈေးများတွင် ပိန်းဥဈေးနှုန်းကျရခြင်းမှာ ဒေသတွင်း ပိန်းဥလှိုင်လှိုင်ထွက်ရှိခြင်းတို့ကြောင့်ဖြစ်ကြောင်း သိရသည်။
DOCA(ကရင်)