
ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် မြို့ပေါ် ရပ်ကွက်များတွင် ရှားပါးသော ရာသီ၌ ရောင်းချရန်အတွက် ဒေသအတွင်းထွက်ရှိသည့် မျှစ်များကို မျှစ်ချို/မျှစ်ချဉ်သိပ်၍ သိုလှောင်ထားကြပြီး ဈေးကွက်အတွင်းသို့ ရှားပါးသည့်ရာသီတွင် ရောင်းချလျက်ရှိကြောင်း သိရသည်။
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ စတုတ္ထပတ်အတွင်း ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေး၌ ဖြစ်ပေါ်နေသော မျှစ်ချို/မျှစ်ချဉ် ဈေးနှုန်းမှာ မျှစ်ချို တစ်ပိဿာလျှင်(၄၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၂၀၀၀)ကျပ် နှင့် မျှစ်ချဉ် တစ်ပိဿာလျှင်(၅၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၂၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက် ရှိပြီး မျှစ်အသစ်ပေါ်သည့်အတွက် မျှစ်ချို ရောင်းအားကျသော်လည်း ရောင်းချလျက်ရှိကြောင်း ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေး၌ မျှစ်ချို/မျှစ်ချဉ် ရောင်းချနေသော ဈေးသည် တစ်ဦးထံမှ သိရသည်။
DOCA(စစ်ကိုင်း)