
ကျွန်းလှမြို့တွင် ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များတွင် မလိုင်လုံးနှင့် မလိုင်ချောင်းကလေးများကို မန္တလေးမြို့တို့မှ မှာယူ ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ စတုတ္ထပတ်အတွင်း ကျွန်းလှမြို့ပေါ်ရပ်ကွက် ကုန်မျိုးစုံရောင်းချသည့်ဆိုင် များတွင် မလိုင်လုံး နှင့် ကုလားပဲချောင်းများကို ရောင်းချလျက်ရှိရာ မလိုင်လုံး ဈေးနှုန်းအနေဖြင့် မလိုင်လုံး မလိုင်လုံး တစ်ပိဿာလျှင်(၁၃၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၆၅၀၀)ကျပ်နှင့် ဈေးနှုန်းတို့ဖြင့် လည်းကောင်း ကုလားပဲချောင်း ဈေးနှုန်းအနေဖြင့် ကုလားပဲချောင်း တစ်ပိဿာလျှင်(၁၀၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၅၀၀၀)ကျပ် နှင့် (၂၅)ကျပ်သားလျှင်(၂၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်း အဝယ်ဖြစ် လျက်ရှိကြောင်း ကုန်မျိုးစုံရောင်းချနေသည့် လုပ်ငန်းရှင်များထံမှ သိရသည်။
DOCA(စစ်ကိုင်း)