
ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင် အသား/ငါးနှင့် အခြားစားသောက် ကုန်ပစ္စည်းများ၊ လူသုံးကုန် ပစ္စည်းများရောင်းချသည့်အနက်မှ အသား/ငါး ဈေးနှုန်းများထဲမှ ဝက်သားဈေးနှုန်းသည်လည်း မြင့်တက် လျက်ရှိပါသည်။
ကျွန်းလှမြို့ ဇူလိုင်လ စတုတ္ထပတ်၏ သားဝက်ဈေးနှုန်းများ အနေဖြင့် ဝက်သားရှယ် (အသားသီး သန့်) လက်လီ တစ်ပိဿာလျှင်(၃၂၀၀၀)ကျပ်၊ ဝက်သား(ပေါင်သား) လက်လီ တစ်ပိဿာလျှင် (၃၀၀၀၀) ကျပ်၊ ဝက်သားရိုးရိုး(နံကိုင်းသား) လက်လီ တစ်ပိဿာလျှင်(၂၉၀၀၀)ကျပ်၊ ဝက်သား ဝမ်းတွင်းကလီစာ လက်လီ တစ်ပိဿာလျှင်(၂၀၀၀၀)ကျပ် နှင့် ဝက်သား(မေးဖျား၊ နားရွက်) တစ်ပိဿာလျှင်(၂၅၀၀၀)ကျပ်၊ ဝက်သွေးခဲ(၁)ပိဿာလျှင်(၄၀၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် လည်းကောင်း ဝက်အူချောင်းဈေးနှုန်း အနေဖြင့် ဝက်အူချောင်း တစ်ပိဿာလျှင်(၄၅၀၀၀)ကျပ်၊ ဝက်အူချောင်း (၅၀)ကျပ်သားလျှင်(၂၃၀၀၀)ကျပ် နှင့် ဝက်အူချောင်း(၁၀)ကျပ်သားလျှင်(၄၅၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရ ပါသည်။
DOCA(စစ်ကိုင်း)