“စားသောက်ဆိုင်အားပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေး”

Powered by Drupal

ကျောက်ဆည်ခရိုင် ၊ စားသုံးသူရေးရာဦးစီးဌာနမှဦးဆောင်၍ မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန၊မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်းပြီး ဇူလိုင်လ(၁၈)ရက်နေ့တွင်  စဉ့်ကိုင်မြို့နယ် ရှိ ရတနာတော်ဝင် နှင့် လမင်း ကဖေးလက်ဖက်ရည်ဆိုင် ၊ စားသောက်ဆိုင်များအား ကွင်းဆင်း စစ်‌ဆေးခဲ့ကြောင်း သိရှိရပါသည်။ ထို့သို့စစ်ဆေးရာတွင် အစားအသောက်ရောင်းချသည့် လုပ်ငန်းရှင် များအား အစားအသောက် ပြုပြင်ရောင်းချသည့် နေရာများ သန့်ရှင်းသပ်ရပ်စွာထားရှိရန် ၊ အစားအသောက်ကိုင်တွယ်သူများအနေဖြင့် တစ်ကိုယ်ရေသန့်ရှင်းမှုရှိရန်၊ ဝန်ထမ်းများ ကျန်းမာရေး‌ ဆေးစစ်မှုများခံယူရန် ၊ မိမိတို့ဆိုင်မှ ပေးအပ်ထားသည့် ဝန်ဆောင်မှုနှင့်စပ်လျဉ်းပြီး စားသုံးသူအား လုံလောက်သည့် သတင်းအချက်အလက်များ ပြည့်စုံမှန်ကန်စွာ အသိပေးပြောကြားရန်နှင့် ရောင်းချသည့် စားသောက်ဖွယ်ရာများ၏ အမျိုးအစား ၊ အရွယ်အစား(Size)ပမာဏအလိုက် စျေးနှုန်းအား ဖွင့်လင်းမြင်သာစွာ ကြိုတင်အသိပေးဖော်ပြထားရန်စသည်တို့အား စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)