နှံစားပြောင်း စိုက်ပျိုး ထွက်ရှိမှု

Powered by Drupal

  ငါန်းဇွန်မြို့နယ်သည် လယ်ယာစိုက်ပျိုးရေးကို အဓိကလုပ်ကိုင်သောမြို့နယ် တစ်မြို့ဖြစ်ပါ သည်။ ၂၀၂၄-၂၀၂၅ ခုနှစ်တွင် နှံစားပြောင်းလျာထားဧက (၁၁၈၉၀)ဧက  လျာထားခဲ့ပြီး စိုက်ပျိုးဧက (၁၂၈၆၄)ဧက စိုက်ပျိုးခဲ့ပြီး (၉၇၄)ဧက ပိုမိုစိုက်ပျိုးခဲ့ကြောင်း သိရသည်။  အထွက်နှုန်း အနေဖြင့် (၁၀.၆၅)တင်း ထွက်ရှိပြီး အထွက်တင်းပေါင်း( ၁၃၇၀၀၂)တင်း ထွက်ရှိကြောင်း သိရသည်။ ငါန်းဇွန် မြို့နယ်သည် မိုးကောင်းရေသောက်မြို့နယ် ဖြစ်သောကြောင့် နွားစာတိရစ္ဆာန်အစာ ရှားပါးသော ကြောင့် နှံစားပြောင်းကို နွေရာသီအတွက် နွားစာဖူလုံရန်အတွက် အများဆုံးစိုက်ပျိုးကြကြောင်း သိ ရသည်။ ကျောက်ဆည်မြို့၊ မြစ်သားမြို့နှင့်တံတားဦးမြို့များသို့ နှမ်းပေါ်ချိန်တွင် နွားစာများ သွား ရောက်ဝယ်ယူရပါကြောင်း သိရသည်။ ယခုနှစ် ၂၀၂၅-၂၀၂၆ ခုနှစ်တွင် နှံစား ပြောင်းလျာထားဧက( ၁၂၈၆၄) လျာထားပြီး စိုက်ပျိုးမှုအနေဖြင့် (၁၅၀)ဧကသာ စိုက်ပျိုးပြီးစီးမှုရှိကြောင်းနှင့် လျာထား ချက်ပြည့်မှီစွာ စိုက်ပျိုးမည်ဖြစ်ကြောင်း သိရသည်။

DOCA(မန္တလေး)