မြင်းခြံမြို့၊ အ.လ.က(ခွဲ)(၄)တွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပခြင်း

Powered by Drupal

   မြင်းခြံမြို့၊ အမှတ်(၄)အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တွင် ၂၀၂၅ခုနှစ်၊ ဇူလိုင်လ (၁၆)ရက်နေ့၊(၁၃:၀၀)နာရီအချိန်၌ စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံခရိုင်ဦးစီးမှူးရုံးမှ ဦးဝင်းထွန်းဦး (ဦးစီးမှူး)နှင့်ဝန်ထမ်းများသည် ဆရာ/ဆရာမ(၁၃)ဦး၊ ကျောင်းသား၊ကျောင်းသူ (၂၅၀)ဦး၊ စုစုပေါင်း(၂၆၃)ဦးတို့အား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲ ကျင်းပခဲ့ ကြောင်း၊ ဟောပြောဆွေးနွေးရာတွင် စားသုံးသူ၏အဓိပ္ပာယ်ဖွင့်ဆိုချက်များ၊ စားသုံးသူအခွင့်အရေး နှင့် လိုက်နာရမည့် တာဝန်များ၊ အခန်း(၁၈)ပါကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း၊ စားသုံးသူ ထိခိုက်နစ်နာဆုံးရှုံးမှုများရှိပါက တိုင်ကြားနိုင်ကြောင်းနှင့် တိုင်ကြားနိုင်သည့်နေရာများ၊ ဌာနနှင့် သက်ဆိုင်သော အကြောင်းများကို မေးမြန်းစုံစမ်းနိုင်သည့် Consumer Call Center 1535 အကြောင်း၊ တိုင်ကြားမှုများကို စိစစ်ညှိနှိုင်းဖြေရှင်းပေးသည့် အကြောင်းများကို အသေးစိတ်ရှင်း လင်းဆွေးနွေးခဲ့ပြီး ကျောင်းသား/ကျောင်းသူများအား လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရရှိသည်။

DOCA(မန္တလေး)