
စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံခရိုင်ဦးစီးမှူးရုံးမှ ဒေါ်သူဇာမိုး(ဒုဦးစီးမှူး)နှင့် ဝန်ထမ်းများသည် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ(၁၆)ရက်နေ့၊(၁၃:၀၀)နာရီအချိန်တွင် မြင်းခြံမြို့၊ အမှတ်(၄)အခြေခံပညာ အလယ်တန်းကျောင်းခွဲရှိ ကျောင်းမုန်းဈေးတန်းသို့ ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက် ခဲ့ကြောင်း သိရှိရသည်။ ထိုသို့စစ်ဆေးခဲ့ရာတွင် ကျောင်းဈေးတန်းတွင်ရောင်းချသော မုန့်များတွင် ရက်လွန်ခြင်း၊ မှိုတက်ခြင်းများ ရောင်းချမှုရှိ/မရှိ၊ တားမြစ်ဆိုးဆေးသုံးစွဲထားသော မုန့်များရောင်း ချမှုမရှိစေရေးနှင့် စားသုံးသူကျောင်းသား/ကျောင်းသူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဈေးကွက် အတွင်းရောင်းချနေသော ကုန်စည်များပေါ်တွင် ကုန်စည်အမျိုးအစားအလိုက် ကုန် အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာဖော်ပြခြင်းရှိ/မရှိ၊ သက်တမ်းလွန် ကုန်စည်များရောင်းချ ခြင်းရှိ/မရှိတို့ကို စစ်ဆေးခဲ့ပြီး၊ ကုန်စည်နှင့်စပ်လျဉ်း၍အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ် ကျေနပ်မှုရှိစေရေးနှင့် သတ်မှတ်အရည်အသွေးပြည့်မီသော ကုန်စည်များကိုသာ ရောင်းချရန် စသည်တို့ကိုအသိပညာပေးဆွေးနွေးခဲ့ပြီး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ ကြောင်း သိရှိရသည်။
DOCA( မန္တလေး)