စားအုန်းဆီဖြန့်ဖြူးရောင်းချမှုအား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

   စားသုံးသူရေးရာဦးစီးဌာန၊ ညောင်ဦးခရိုင်တာဝန်ခံသည် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ(၁၅)ရက်နေ့ ၊ နံနက် ၀၈:၃၀ နာရီအချိန်တွင် ညောင်ဦးမြို့နယ် ဆီကိုယ်စားလှယ်မှ ညောင်ဦးမြို့၊ အမှတ်(၄) ရပ်ကွက်၊ အမှတ်(၅)ရပ်ကွက်ရှိ စားသုံးသူပြည်သူများအား စားသုံးသူပြည်သူများသို့ နိုင်ငံတော်မှ သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီရောင်းချနေမှုများကို ကွင်းဆင်းကြပ်မှတ် စိစစ် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

          အဆိုပါကွင်းဆင်းဆောင်ရွက်မှုတွင် ခရိုင်တာဝန်ခံမှ စားအုန်းဆီလက်လီ အရောင်းဆိုင် များအား အလေးချိန်ပြည့်ဝစေရေး၊ အချိန်အတွယ်မှန်ကန်မှုရှိစေရေး၊ နိုင်ငံတော်မှ သတ်မှတ်ထုတ် ပြန်ထားသော ဈေးနှုန်းများအတိုင်းရောင်းချမှုရှိစေရေး၊ ခွဲတမ်းရရှိထားသော ပမာဏများအလိုက် ပြည့်ဝစွာရောင်းချစေနိုင်ရေး၊ ဖြန့်ဝေထုတ်ထားပေးသော ဆီများကို သာရောင်းချမှုရှိစေရေးနှင့် အဆိုပါ စားအုန်းဆီများအား စားသုံးသူပြည်သူများထံသို့ အပြည့်အဝ ရောက်ရှိစေရေးတို့အတွက် ကြီးကြပ်မှုများ ဆောင်ရွက်ခဲ့ကြောင်းနှင့် စားအုန်းဆီရောင်းချပေး နေမှုများအား ဆက်လက်၍လည်း အစဉ်တစိုက် ကြီးကြပ်စိစစ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

DOCA(မန္တလေး)