တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု သင်တန်းကျင်းပပြုလုပ်

Powered by Drupal

ညောင်ဦးမြို့နယ်အသေးစားနှင့်စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနဦးစီးမှူးရုံး၌ ဇူလိုင်လ(၆) ရက်နေ့၊ နံနက် ၀၉:၀၀ နာရီအချိန်တွင် တိုင်းဒေသကြီးအစိုရအဖွဲ့၏ လမ်းညွှန်မှုဖြင့် တန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။

            အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ခရိုင်စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ ခရိုင်စားသုံး သူရေး ရာဦးစီးဌာန၊ ခရိုင်ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ညောင်ဦးမြို့ရှိ ရပ်ကွက်များနှင့်ကျေးရွာများမှ သင်တန်းသား/သူ များတက်ရောက်ခဲ့ပါသည်။ အခမ်း အနားတွင် ခရိုင်စီမံကိန်းရေးဆွဲရေးဦးစီးဌာန ခရိုင်ဦးစီးမှူးက အဖွင့်အမှာစကားပြောကြားရာတွင် သင်တန်းသား/သူများအနေဖြင့် ယခုတန်ဖိုးမြှင့်စား သောက ်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းတွင် သင်တန်းပို့ချပေးမည့် ဆရာ/ဆရာမများ၏ ပို့ချချက်များအား ဂရုစိုက်၍ကြိုးစားလေ့လာသင် ယူသွားရန်၊ သင်တန်းသား/သင်တန်းသူများမှ အကောင်းဆုံးသင်ယူတတ်မြောက်သူ(၃)ဦးအား လုပ်ငန်းသုံးပစ္စည်းများထောက်ပံ့ပေးသွား မည်ဖြစ်ကြောင်း၊ သင်တန်းတွင်ကြိုးစားသင်ယူ၍ တစ်ပိုင် တစ်နိုင်လုပ်ငန်းများထူထောင်ပြီး လက်တွေ့အသုံးချစေလိုပါကြောင်းဖြင့် ပြောကြားခဲ့ပါ သည်။

            ဆက်လက်၍ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်သီတာထွန်း က သင်တန်းဖွင့်ရခြင်း၏ ရည်ရွယ်ချက်များ၊ အကျိုးကျေးဇူးများနှင့်စပ်လျဉ်း၍ ပြောကြားရာတွင် ယခုကဲ့သို့ တန်ဖိုးမြှင့်ထုတ်ကုန်များကို စနစ်တကျတန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်ရောင်းချခြင်း အားဖြင့် မိမိတို့၏ထုတ်ကုန်များအဆင့်မြင့်လာမည်ဖြစ်သဖြင့် စားသုံးသူများအနေဖြင့်လဲ ပိုမိုသုံးစွဲ စားသောက် လာနိုင်မည်ဖြစ်သကဲ့သို့ ဝင်ငွေများလည်းတိုးတက်လာနိုင်ကြောင်း၊ နည်းပညာအသစ် များလည်း ရရှိနိုင်မည်ဖြစ်ကြောင်း၊  ထုတ်ကုန်များအပေါ် ကုန်အညွှန်းအမှတ်အသားနှင့်စပ်လျဉ်း၍ စားသုံးသူသိရှိ နိုင်စေရန် ကုန်စည်အမှတ်တံဆိပ်၊ အသားတင်ပမာဏ၊ ပါဝင်သည့်ကုန်ကြမ်းပစ္စည်း များ၊ ထုတ်လုပ် ရက်စွဲ၊ သက်တမ်းကုန်ဆုံးရက်စွဲ၊ လိုအပ်ပါက ကျန်းမာရေးဆိုင်ရာ ဓာတ်မတည့် ကြောင်းဖော်ပြ ချက်များ၊ ထုတ်လုပ်သူလုပ်ငန်းရှင်၏ ကုန်စည်ထုတ်လုပ်ဖြန့်ဖြူးသည့် နေရပ်လိပ်စာ၊ ဖုန်းနံပါတ်တို့ကို သိသာထင်ရှားစွာ ဖော်ပြရန်လိုအပ်ပါကြောင်း ဖြည့်စွက်ပြောကြားခဲ့ပါသည်။  အဆိုပါ သင်တန်းသို့ သင်တန်းသား/သင်တန်းသူ(၂၃)ဦးတက်ရောက်မည်ဖြစ်ကြောင်းနှင့်အခမ်း အနားအား(၁၁:၀၀)နာရီ အချိန်တွင် ပြီးမြောက်ခဲ့ကြောင်း သိရသည်။

DOCA(မန္တလေး)