အာလူးဈေးကွက်အရောင်းသွက်

Powered by Drupal

   မန္တလေးမြို့အတွင်းသို့  ရှမ်းပြည်နယ်တောင်ပိုင်းနှင့် ရှမ်းပြည်နယ်မြောက်ပိုင်းများမှ  အာလူးများ ဝင်ရောက်လျက်ရှိပါသည်။ဝင်ရောက်သည့်အာလူးများအနေနှင့် သီရီမာလာကုန်စိမ်းတန်း နှင့် ပွဲရုံများသို့အာလူးအလုံးကြီး အလုံးသေး နှစ်မျိုးလုံးဝင်ရောက်လျက်ရှိပါသည်။အာလူးအလုံး ကြီးများကို  စာသောက်ကုန်ထုတ်လုပ်သည့်လုပ်ငန်းအာလူးကြော်နှင့်အာလူးအလုံးသေးများကို အာလူးဆနွင်းမကင်း၊ အာလူးထမင်းနှင့် အာလူးထောင်းကြော်လုပ်ငန်းများမှ ဝယ်ယူမှုရှိကြောင်း သိရှိရပါသည်။ မန္တလေးမြို့ပွဲရုံများတွင်အာလူးဈေးကွက်အနေဖြင့် အာလူးအလုံးကြီး(၅)ပိဿာ လျှင်၂၅၀၀၀ကျပ်မှ၂၂၀၀၀ကျပ်၊ အာလူးအလုံးသေး(၅)ပိဿာလျှင် ၁၆၀၀၀ ကျပ်မှ ၁၄၀၀၀ ကျပ်တို့ နှင့်အရောင်းအဝယ်ဖြစ်ပြီး  လက်လီဈေးကွက်အနေဖြင့်   အာလူးအလုံးကြီး(၁)ပိဿာလျှင် ၇၀၀၀ကျပ် မှ ၆၅၀၀ကျပ်၊ အာလူးအလုံးသေး(၁) ပိဿာလျင်၄၅၀၀ကျပ်မှ၄၀၀၀ကျပ်တို့နှင့် ဈေးကွက် တွင် အရောင်းအဝယ်ဖြစ်ကြောင်းနှင့်  မန္တလေးမြို့အနီးဝန်းကျင်မြို့များသို့  ကုန်စည်စီးဆင်းမှု ရှိကြောင်းလည်း လေ့လာသိရှိရပါသည်။

DOCA(မန္တလေး)