ဘိလပ်မြေဈေးနှုန်းများ  မြှင့်တက်လျှက်ရှိ

Powered by Drupal

           ကယားပြည်နယ်တွင် ကုန်စည်စီးဆင်းမှုအနေဖြင့် အိမ်ဆောက်ပစ္စည်းနှင့် ဘိလပ်မြေများ ပြည်နယ်တွင်းသို့ ပိုမိုဝင်ရောက်လာပြီး ယခု ဩဂုတ်လတွင် ဟိုပုံး၊ ပြည်ညောင်ဘက်မှ ဘိလပ်မြေအိတ်(၁၈၃၅၂) အိတ်ဝင်ရောက်ပြီး ယခုလက်ရှိဈေးကွက်အတွင်း ဩဂုတ်လတတိယ ပတ်တွင်ဖြစ်ပေါ်နေသော ဘိလပ်မြေဈေးနှုန်းများမှာ ကမ္ဘောဇ ဘိလပ်မြေ တစ်အိတ်လျှင် (၈၅၀၀) ကျပ်၊ အာပါချီ ဘိလပ်မြေ တစ်အိတ်လျှင် (၈၅၀၀) ကျပ်၊ နဂါးဘိလပ်မြေ တစ်အိတ်လျှင် (၈၅၀၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိပြီး  ယခင် ဇူလိုင်လ တတိယ ပတ်တွင် ကမ္ဘောဇ ဘိလပ်မြေ တစ်အိတ်လျှင် (၇၄၀၀) ကျပ်၊ အာပါချီ ဘိလပ်မြေ တစ်အိတ်လျှင် (၇၄၀၀) ကျပ်၊နဂါးဘိလပ်မြေ တစ်အိတ်လျှင် (၇၃၀၀) ကျပ်သာ ရှိခဲ့ပြီး ယခင် ဇူလိုင်လ တတိယပတ်နှင့် ယခု ဩဂုတ်လတတိယပတ် နှိုင်းယှဉ်ကြည့်လျှင် ကမ္ဘောဇ တစ်အိတ်လျှင် (၁၁၀၀) ကျပ်၊ အာပါချီ တစ်အိတ်လျှင် (၁၁၀၀) ကျပ်၊ နဂါးဘိလပ်မြေ တစ်အိတ်လျှင် (၁၂၀၀) ကျပ်ခန့် ဈေးနှုန်းမြှင့်တက်လာကြောင်း၊ ဈေးနှုန်းမြှင့်တက်လာရခြင်းမှာ စက်သုံးဆီဈေးနှုန်းများ မြှင့်တက်လာ၍ သယ်ယူစရိတ် မြှင့်မားလာခြင်းကြောင့်ဖြစ်သည်ဟု ကိုကံခြား အိမ်ဆောက်ပစ္စည်း အရောင်းဆိုင်မှ သိရပါသည်။

DOCA(ကယား)