သာစည်မြို့နယ်ရှိ ဆန် ဈေးနှုန်း၊ ဈေးကွက်

Powered by Drupal

   မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်ရှိ ဆန်ဈေးကွက်တွင် ဇူလိုင်လ တတိယပတ်၌ ဖြစ်ပေါ်နေသော ဆန်ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်း တစ်အိတ်လျှင် (၁၆၇၀၀၀) ကျပ်၊ ပဒေသာတစ်အိတ်လျှင် (၁၂၀၀၀၀) ကျပ်၊ မနောသုခ တစ်အိတ်လျှင် (သစ်) (၇၀၀၀၀) ကျပ်၊ အနောသုခ (ဟ) တစ်အိတ်လျှင် (၈၂၀၀၀) ကျပ်၊ ရက် (၉၀)  တစ်အိတ်လျှင် (သစ်) (၆၅၀၀၀) ကျပ်၊ ရက် (၉၀) (ဟ) တစ်အိတ်လျှင် (၇၅၀၀၀) ကျပ်၊ သုခထွန်းတစ်အိတ်လျှင် (၇၀၀၀၀) ကျပ် ဈေးရှိပြီး ဇွန်လကုန်နှင့် နှိုင်းယှဉ်ပါက ရွှေ ဘိုပေါ်ဆန်းမှာ ကားသယ်ခနှုန်းထားမြင့်လာခြင်းကြောင့် ဈေးပိုလာပြီး ကုန်အမျိုးအစားများ ဈေးငြိမ် နေကြောင်း ဈေးကွက်မှ သိရသည်။

   သာစည်မြို့နယ်အတွင်း ရောင်းချနေသော ဆန်များမှာ ရွှေဘိုပေါ်ဆန်းမှာ စစ်ကိုင်းတိုင်းဒေသ ကြီး၊ ပဒေသာမှာ ကျောက်ဆည်မြို့၊ မနောသုခကို ဒေသထွက်ဆန်နှင့် ပဲခူးတိုင်းဒေသကြီးမှလည်း ကောင်း ဝယ်ယူ၍ သာစည်မြို့ပေါ်နှင့် ကျေးရွာများသို့‌ ရောင်းချရကြောင်း သိရသည်။

DOCA(မန္တလေး)