
မိတ္ထီလာခရိုင်အတွင်း နွေစပါးကို မိတ္ထီလာမြို့နယ်တွင် (၇၀၀) ဧက၊ မလှိုင်မြို့နယ်တွင် (၁၆၉) ဧက၊ သာစည်မြို့နယ်တွင် (၆၉၅) ဧက၊ ဝမ်းတွင်းမြို့နယ်တွင် (၃၂၉၉) ဧက၊ စုစုပေါင်း (၄၈၇၁) ဧက စိုက်ပျိုးခဲ့ကြောင်း၊ နွေစပါးကို မတ်လ၊ ဧပြီလများ တွင် စိုက်ပျိုးပြီး ဇွန်၊ ဇူလိုင်လများတွင် ရိတ်သိမ်းရာ ဇွန်လကုန်အထိ မိတ္ထီလာမြို့နယ်တွင် (၁၅) ဧက ရိတ်သိမ်းခဲ့ရာ တစ်ဧကအထွက်နှုန်းမှာ (၈၆.၇၃) တင်း၊ ဝမ်းတွင်းမြို့နယ်တွင်(၆၅) ဧက ရိတ်သိမ်းခဲ့ရာ တစ်ဧကအထွက်နှုန်းမှာ (၉၃.၉၇) တင်း ထွက်ရှိခဲ့ကြောင်း သိရသည်။
နွေစပါးကို ဆည်ရေ၊ ကန်ရေရရှိသော စိုက်ဧကများတွင်သာ စိုက်ပျိုးနိုင်သဖြင့် စိုက်ပျိုးမှုနည်း ကြောင်း၊ မိတ္ထီလာခရိုင်အတွင်း နွေစပါးအများဆုံးစိုက်ပျိုးသော ဝမ်းတွင်းမြို့နယ်တွင် ယခုနှစ် ကင်းတားဆည်ဘောင်ပြုပြင်နေဆဲဖြစ်၍ ရေပေးဝေနိုင်သည့် ဧရိယာနည်းခြင်းကြောင့် စိုက်ပျိုးမှု နည်း ရာ ယခင်နှစ်စိုက်ဧက၏ ထက်ဝက်ခန့်လျော့နည်းခဲ့သော်လည်း ယခုနှစ်မေလက ရွာသွန်းခဲ့သော မိုး ကြောင့် အထွက်နှုန်းကောင်းကြောင်း ဆန်စက်ပိုင်ရှင်များထံမှ သိရသည်။
မိတ္ထီလာခရိုင် နွေစပါးတစ်ဧက အထွက်နှုန်းမှာ ယခုနှစ် စိုက်ပျိုးရာသီအတွက် ရိတ်သိမ်းပြီး အခြေအနေမှာ (၉၂.၆၁) တင်း ထွက်ရှိပြီး ယခင်နှစ်ကာလတူ၌ (၈၂.၃၀) တင်း ထွက်ရှိခဲ့ကြောင်း မြေ စာရင်းဦးစီးဌာန၏ စာရင်းများအရ သိရသည်။
DOCA(မန္တလေး)