မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်သည် စပါးအများဆုံး စိုက်ပျိုးသောမြို့နယ်ဖြစ်ပြီး၊ ၂၀၂၅-၂၀၂၆ ခုနှစ် စိုက်ပျိုးရာသီအတွက် နွေစပါးကို ဇွန်လတွင် စတင်ရိတ်သိမ်းကြောင်းသိရသည်။ နွေစပါးအနေနှင့် သက်တမ်းတိုသော ရွှေသွယ်ရင်၊ ရက် (၉၀) မျိုးများကို စိုက်ပျိုးရာ လက်ရှိပေါက်ဈေးအနေနှင့် နွေစပါး အသစ် တစ်တင်းလျှင် (၁၆၀၀၀) ကျပ်၊ ဇန်နဝါရီလက ထွက်ရှိခဲ့သော မိုးစပါးတစ်တင်းလျှင် မနောသုခ မှာ (၂၂၀၀၀) ကျပ်၊ ပဒေသာမှာ (၃၂၀၀၀) ကျပ် ဈေးရှိကြောင်း သိရသည်။ ဆန်ဈေးနှုန်းအနေဖြင့် နွေဆန်အသစ်မှာ (၆၅၀၀၀) ကျပ်၊ မိုးဆန်မှာ မနောသုခတစ်အိတ်လျှင် (၈၃၀၀၀) ကျပ်၊ ပဒေသာဆန်မှာ တစ်အိတ်လျှင် (၁၁၈၀၀၀) ကျပ် ဈေးရှိကြောင်း ဆန်စက်ပိုင်ရှင်များထံမှ သိရသည်။ ဝမ်းတွင်းမြို့နယ်တွင် နွေစပါးကို မတ်၊ ဧပြီလများ၌ စိုက်ပျိုးပြီး၊ ဇွန်၊ ဇူလိုင်လများတွင် ရိတ်သိမ်းလေ့ ရှိကြောင်းနှင့် ၂၀၂၅-၂၀၂၆ ခုနှစ်အတွက် နွေစပါးစိုက်ဧကမှာ (၃၂၉၉) ဧက စိုက်ပျိုးခဲ့ရာ ရိတ်သိမ်းပြီး စီးမှုအရ တစ်ဧကလျှင် (၉၃-၉၇) တင်း ထွက်ရှိကြောင်း သိရ သည်။
DOCA(မန္တလေး)