
မန္တလေးတိုင်းဒေသကြီး ၊မိတ္ထီလာမြို့နယ်အတွင်းရှိ ကျေးရွာများတွင် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းများကိုအဓိကလုပ်ကိုင်ကြပြီး သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာမှ ပြည်ပပို့ကုန် သီးနှံတစ်မျိုးဖြစ် သည့် ပဲတီစိမ်းကို မိတ္ထီလာမြို့နယ်ရှိ ခြောက်ပင်၊အင်လူး၊မောက်လောက်၊ ရှမ်းရွာ၊တောကင်း၊ ဇီးပင်တွင်း ကျေးရွာများ၌အများဆုံးစိုက်ပျိုးကြကြောင်း၊ မိတ္ထီလာမြို့နယ်တွင် မိုးပဲတီစိမ်း စိုက်ဧက (၁၈၆၇၅ )ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရှိရပါသည်။
မိုးပဲတီစိမ်းကို မေလဆန်းပိုင်းတွင် စိုက်ပျိုးကြပြီး ဇူလိုင်လဒုတိယပတ် မိုးပဲတီစိမ်းများစတင် ပေါ်၍ စက်တင်ဘာလအထိခူးဆွတ်ရကြောင်း၊ ပဲတီစိမ်းကို သီးသန့်စိုက်ပျိုးခြင်း၊ သီးထပ်သီးညှပ် စိုက်ပျိုးအဖြစ်လည်းစိုက်ပျိုးကြကြောင်း၊ ကုန်ကျစရိတ်အနေဖြင့် မျိုး၊ မြေပြုပြင်ခ၊ သွင်းအားစု၊ လုပ်သားခအပါအဝင် တစ်ဧကစုစုပေါင်း ငွေကျပ် (၂)သိန်း ခန့်ကုန်ကျကြောင်း၊ ယခုနှစ်အထွက်နှုန်း မှာ တစ်ဧကလျှင်(၁၅)တင်းခန့်ထွက်ရှိခဲ့ကြောင်း၊ ဈေးကွက်အနေဖြင့် မိတ္ထီလာမြို့ပေါ်ရှိသီးနှံပွဲရုံများမှ တစ်ဆင့်မန္တလေးမြို့သို့တင်ပို့ရောင်းချကြကြောင်း၊ ယခုနှစ်တွင်မိုးဦီးကောင်း၍ မိုးပဲတီစိမ်း အထွက် နှုန်းကောင်းမွန်ပြီး ယခင်နှစ်ရာသီပေါ်ချိန်ထက်ဈေးကောင်းရရှိသဖြင့် တောင်သူများ အကျိုးအမြတ် များစွာရရှိ ကြောင်း ပဲတီစိမ်းစိုက်တောင်သူတစ်ဦီးထံမှ သိရပါသည်။
DOCA(မန္တလေး)