စားသုံးဆီရောင်းချနေမှုအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်

Powered by Drupal

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိနှင့်အဖွဲ့သည် ၂၀၂၅ ခုနှစ် ဇူလိုင်လ (၁၇)ရက်နေ့ နံနက် (၀၈:၀၀)နာရီမှစ၍ သာစည်မြို့နယ်ရှိ ဟံဇားကျေးရွာနှင့်ဝမ်းတွင်းမြို့နယ် ဇောင်ဂျမ်းကုန်း ကျေးရွာများ၌ ပြည်သူများအား စားအုန်းဆီရောင်းချရာတွင်သတ်မှတ်ရည်ညွှန်းဈေးဖြင့် စနစ်တကျ ဖြန့်ဖြူးရောင်းချ ခြင်း ရှိ/မရှိ ကွင်းဆင်း စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

   သာစည်မြို့နယ် စားအုန်းဆီလက်လီကိုယ်စားလှယ်များဖြစ်သည့် ရွှေနဂါးဆီဆိုင် နှင့် ရွှေပြည် စိုးဆီဆိုင်မှ  ပြည်သူများအား စားအုန်းဆီရောင်းချနေမှုအား သွားရောက်စစ်ဆေးရာတွင် လုပ်ငန်းရှင် များ အနေဖြင့် သတ်မှတ်ရည်ညွှန်း ဈေးနှုန်းများဖြင့်သာ ရောင်းချခြင်းစေရေး၊  အလေးချိန်အချင် အတွယ် မှန်ကန်စွာဖြင့်ရောင်းချရန်နှင့် ရောင်းချရာတွင် ဗီနိုင်းများချိတ်ဆွဲ၍ အများမြင်သာသော နေရာများ တွင်ထားရှိရန် ၊ စာအုပ်စနစ်ဖြင့် စားသုံးသူလက်ဝယ်အရောက် စနစ်တကျဖြန့်ဖြူးရောင်းချ ရန် ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)